ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Wednesday, December 23, 2009

I need


Friends18.com Orkut MySpace Hi5 Scrap Images




အချစ် အတွဲ ( ၂ )


အဆုံးမဲ့ကောင်းကင်အောက်
ကိုယ့်နောက်ကလိုက်ခဲ့
တဂိုးရဲ့ဝတ္ထုတိုခေါင်းစဉ်တွေအတွက်
ငြင်းချက် ထုတ်မနေပါနဲ့
နယူတန်ရဲ့နိယာမတွေကိုလည်း
ခေါင်းညိတ် ယုံကြည်လိုက်ပါကွယ်။
တုံဟည်းမြည်တီးနေတဲ့
နှလုံးခုန်သံ စည်းချက်တွေနဲ့

ညီညာစွာကခုန်
လောကလူ့ဘုံမှာ
ပြုံးငိုမောဟိုက်ခြင်းတွေကို
မလွဲမရှောင်သာတွေ့ ရမယ်။
အဖြူရောင်တိမ်ညွန့်တွေကိုခူးစား
ထူးခြားတဲ့အိမ်မက် တွေလည်းမက်လိမ့်မယ်။
အောင်မြင်မူ ၊ဆုံးရူံးမူ
ဒိနစ်ခု ကိုလည်းကြုံရမယ်။
ဖလှယ်ခြင်းတွေကူးယှက်
အထပ်ထပ်ချည်နှောင်
နောင်ဘ၀များစွာ အတွက်
သက်သေတွေလည်ထားခဲ့မယ်။
အချစ်ရယ်....
ရာစုနှစ် အနှစ်,နစ်ဆယ်
မပျက်ပြယ်ချစ်မြင်း
စစ်ခင်းပြိးယှဉ်ပြိုင်
အောင်နိုင်သူကိုယ်အတွက်
လက်တစ်ဖက်ဆင့်ကမ်း
မေတ္တာ လက်ဖောက်လို့
အနာဂတ်ခရီးစတင်မယ်။
လာ...အချစ်
ကိုယ်လက်ကိုတွဲ
ရဲရဲလိုက်ခဲ့
နှစ်ယောက်တည်းနော်..........။

အချစ် အတွဲ ( ၁)


လာအချစ်
ကိုယ့်လက်ကိုတွဲ
ရဲရဲလိုက်ခဲ့
နှစ်ယောက်တည်းနော်
ကိုယ်တို့ဖန်ဆင်း
ကဗျာပန်းခင်း မွှေးပျံ့သင်းစေ
ကိုယ်တို့ဖန်ဆင်း
လောကကြိးလည်း သောကငြိမ်းစေ။

ရောမမြို့ကို
တစ်နေ့တည်းပြိးအောင်
မတည်ဆောက်နိုင်ခဲ့ပေမယ့်
ချစ်ဗိမာန်တစ်ခုကိုတော့
ကိုယ်တို့ပြိးအောင်ဆောက်နိုင်မယ်။
မောင်လို့ခေါ်သံလေးတစ်ခုနဲ့
ထွက်သက်ဝင်သက် တွေညံ
ခွန်အားသစ်တွေစုပေါင်း
နေ့သစ် ပေါင်းများစွာမှာ
ရှင်သန်ခြင်း အတိနဲ့ပေါ့။
အီ၇ျစ်ဘုရင်မ
ကယ်လီယိုပက်ထရာလို
လှလှပပလေးပြုံးလိုက်ပါ။


Monday, December 21, 2009

အကျဉ်းသား


ကံ၏ခေရာ ဝေဒနာဖြစ်
နစ်လိုက်ရုန်းလိုက် ၊မောပန်းဟိုက်နဲ့
မိုက်မိ့မေ့မှား ၊ အားကိုးမရှိ
သတိကင်းလွတ် မကျွတ်နေ့စဉ်
ရင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်
ဘယ်တော့မှပြိးမြောက်လေမလဲ။

နောင်တကြိးချိန် တွန့်လိမ်လွင့်လူး
အရူးကဲ့သို့ ရင်ဆို့ မွန်းကျပ်
အထူမတ်နိုင်။
တစ်တိုင်မကွာ ၊ အသာကပ်တိုး
အရိပ်ဆိုးကြောင့်
အိပ်ကောင်းခြင်းလည်း မအိပ်ရ။
လွန်ပါရစေ...
သောကနွေဆိုး ၊ အငြိုးပြင်းထန်
ဤ၀ဋ်ကံကို အဖန်ဖန်ကြောက်
ဒူးထောင်လျက်သာ တောင်းပန်ပါသည်။
ငါ့မှာ...
ခံနိုင်စွမ်းလည်းမရှိတော့....။ ။

ခွဲခွဲခွာခွာ


နူတ်ဆက်ခွင့်မျှ ခဏမပေး
ဝေးတော့ဝေးပြီ
အထင်တော်လွဲ
ကြင်ဖော်ခွဲခွာ ၊ အသည်းနာနင့်
ဒဏ်သင့်ခံစား ။ နှလုံးသားနွေ
ရှုံ့းလေသူ ၊ကြည်ဖြူပါသည်။

တကယ်သာဆို
တွယ်တာလိုသမျှ ကိုယ်က ကြိုးပမ်း
နွေ၏လမ်းမှာ...
ပန်းလည်းမပွင့်
လရောင်လွင့်ကြွေ ၊ တိမ်မျက်ရည်ပြို
ကိုယ်မငိုဘူး ၊ အချစ်ဦးရေ ။
သာရာမှာ...နား
နားရာမှာပျော်
ပျော်ရာမှာ.....မြင့်
သခင့်သတင်း ၊ နားစွင့်ရင်းနဲ့
ချစ်ခြင်းရဲ့ဒဏ် ၊ ရင်ကော့ခံယူ
ဟန်မူမတိမ်း ၊မျက်ရည်ထိန်းကာ
သူစိမ်းလိုသာနေတော့မယ်........။
မောင်လှမျီုး(ချင်းချောင်းခြံ )



Sunday, December 20, 2009

ဒီဇင်ဘာအလွမ်း........။


တို့ တွေ့ချိန်လေးတွေ
အရင်ထက် ပိုနည်းသွားတော့
ကြေကွဲစွာ သန်းခေါင်ယံထဲ
ဟိုဒီအတွေးများနဲ့
ေ၀၀ါးနေခဲ့ရဖူးတယ်။
သြော်........ ဘာဖြစ်လဲ
နည်းသွားတာပဲ
လုံးဝတွေ့ခွင့်မရခြင်း
မင်းထက်တော့ ငါပိုသာတယ်ပေါ့........။

မထင်မှတ်ဘဲထပ်ကြား
တွေ့ခွင့်မရခြင်းက ငါ့ထံ
တဖန်ပြန်နေပါရစေတဲ့.....။
အပြုံးလေးနဲ့ ချစ်သူ့အားပေးစကား
အမှန်ဖြစ်ပါစေသားလို့ပဲ
စိတ်ထဲမှာ ဆုတောင်း
အမြင်မှာတော့ နေတတ်သလိုလိုနဲ့
ခေါင်းညိတ် ကျေနပ်လိုက်ရတယ်။
နောက်ဆုံးတော့လည်း အချစ်ရယ်
အ၇င်လို တို့ဝေး
မင်းရေးပေးဖူးတဲ့ ကဗျာလိုပဲ
ဘ၀ကို
နှစ်သိမ့်ခြင်းတွေနဲ့ နေပျော်တတ်အောင်
ကြိုးစားရတော့မှာပေါ့...........။
ကဲ............ ဒီဇင်ဘာရေ
ဝေးကွာခြင်းနှိပ်စက်
လွမ်းနေရုံသက်သက်မို့
မြူနှင်းတွေထဲ အထီးကျန်ရင်း
ငါ့အိပ်စက်ခြင်းတွေ ကင်းမဲ့ရတော့မယ်.............။ ။
လေပြေမေးလ်မှတဆင့်ဖော်ပြသည်

မောင်.........။

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။
ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....
သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။
သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြေါချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။
ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။
ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။
ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......
ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်
ိကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....
ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။
မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။
"ဟိတ်...တို့ကို တခုကူညီပါလား"
မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊
ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။
"မောင်"
အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။
မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။
"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"
မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................
(မရီနဲ့နော်။။။။)

Saturday, December 19, 2009

ညိမငယ်ဇင်လေးရင်ခုန်သံ


ရင်သို.နက်ရှိုင်း မြတ်နိုးခြင်းဖြင်.
အသည်းခိုက်အောင် ငါချစ်ဧ။် ။

ကိုယ့်ကိုကိုယ်ထက် ချစ်ခြင်းမျိုးဖြင်.
နှိုင်းယှဉ်ကင်းမဲ. ငါချစ်ဧ။် ။

ငါဧ။်စကား မယုံကြည်သော်
နှလုံးသွေးဖြင်.ပူဇော်ပသ
တိုင်တည်သမှု သက်သေပြု၍
မင်းကိုချစ်စကား ငါပြောမည်။

ညီမငယ်တစ်ယောက်မှ တင်ပေးဖို့တောင်းဆို၍ တင်ပေးထားပါသည်...........။

Friday, December 18, 2009

အားပေးတက်တဲ့ကျွန်မ ချစ်သူ


ခံစားမူ့တွေများတဲ့ငါအဖြစ်
အားငယ်မူ့ကိုရှေ့တန်းတင်
မျက်ရည်ကိုအဖော်ပြုလို့..........။
သန်းခေါာင်ရဲ့ည ခွေးဟောင်သံ ဆူစွာ
အိပ်မရတဲ့ငါ..................။

ကုတင်ခေါင်းရင်းကစာရွတ်ဖြူအုပ်ကိုလှန်ရင်း
ရေးမယ်ကြံကဗျာ
ဟူး........မဖြစ်သေးဘူး
မနေ့က ငါချစ်သူ အားပေးတဲ့စကား
မင်းကဗျာ Copy လားဟင်တဲ့ ....
မိုးမမ ခံစားတင်ပြသည်...........။

Thursday, December 17, 2009

အက္ခရာ နာမည်လေးနဲ့ အဖြေရှာမယ်

သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်.ရဲ. စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင်
စမ်းလုပ်ကြည်.လိုက်လေ။ လုပ်နည်းက ဒီလို..ဒီလို...
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတတ်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတတ်သူ
သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Zထဲက
သာရှာကြည့် ကြပေတော့ရှင်..။

A = သင်ဟာ အင်မတန် အေးတဲ့.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည့်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင့်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင့်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင့်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင့်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတတ်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင့်.ကိုယ်သင် အရမ်းချောတယ် လို့ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့.တယ်

Tuesday, December 15, 2009

အချစ်နဲ့ သစ္စာ


ငါရဲ့အချစ်တွေကို
နင်သိဖို့မလိုဘူး
ငါကိုယ့်ငါသိရင်
ပြီးပြီပေါ့
ငါရဲ့ကရုဏာတွေကို
နင့်ကိုပြသဖို့မလိုဘူး
ငါ့ရင်ထဲမှာရှိရင်
ပြီးပြီပေါ့

ငါရဲ့မေတ္တာာတွေကို
နင်သိဖို့မလိုဘူး
ငါ့သာမေတ္တာရှိရင်
ပြီးပြီပေါ့
ငါရဲ့သံယောဇဉ်တွေကို
နင်ချည်နှောင်ဖို့မလိုဘူး
ငါ့စိတ်ကရစ်ဖွဲ့ထားရင်
ပြီးပြီပေါ့
ငါ့ရဲ့သစ္စာတွေကို
နင်ရှေ့မှာတိုင်တည်ဖို့မလိုဘူး
ငါကနင့်အပေါ်သစ္စာရှိရင်
ပြီးပြီပေါ့။ ။
မိုးမမ ခံစားချက်နဲ့ ကိုက်ညိလို့ ကိုဝင်းကိုကို ဆိုဒ်မှကူးယူဖော်ပြပါသည်............။

ကဗျာ ( ၁၃ )

ငါ့ရင်ထဲမှာ

မင်းကိုမေ့ဖို့
မင်းကိုမလွမ်းဖို့
မင်းကိုသတိမရဖို့
မင်းအသံကြားရင်
ရင်မခုန်အောင်လို့
မင်းရဲ့အသံမှာ
မနစ်မမျောဖို့
မင်းပေးတဲ့အိပ်မက်မှာ
ငါမမျှော်လင့်ဖို့
အိပ်မက်ထဲ
မင်းမလာဖို့
မင်းပေးတဲ့အလွမ်းမှာ
ငါမခံစားဖို့
မင်းရဲ့အသံနဲ့ငါမသိအောင်
နှလုံးသားကို ဖဲ့မယူဖို့
ငါ့ကိုယ်ငါမညာဖို့
ပြီးတော့
ငါမင်းကိုမချစ်မိအောင်လို့
ငါ့နှလုံးသားကို ငါ စတေးရဦးမယ်။ ။

မိုးမမခံစားချက်နဲု့ကိုက်ညိလို့ ၀င်းကိုကို ဆိုဒ်မှကူးယူဖော်ပြပါသည်............။

ကဗျာ ( ၁၂ )

ဒီတိုင်း
ချစ်နေရုံနဲ့တော့

ငါ့ ဘဝ
အချိန်ကုန်တာပဲ
အဖတ်တင်လိမ့်မယ်

မပျံသန်းနိုင်တဲ့
ငှက်လို့ ပြောတိုင်း
ပင်းဂွင်းငှက်ကို
ပြေးမြင်မိရင်
နင့်ကို ငါ
မခေါ်ချင်ဘူး
ယောက္ခမကြိး ဖတ်ဖို့
ရေးတဲ့စာမဟုတ်လို့
အွန်လိုင်းပေါ်ရောက်နေတဲ့
ကောင်လေး
ဖတ်စေချင်တာ ငါ့စေတနာပါ
နင့် နှလုံးသားကို
အရင် ဖုံးခေါ်ပါ
ပြီးမှ ငါ့ကို
စာပြန်ပါ..........

ရင်ဖွင့်လွာ

အနေဝေးပေမဲ့ တစိမ်းမဆန်ခဲ့တဲ့
ဒို့နှစ်ယောက် ချစ်ခြင်းကြားမှာ
နားလည်မူ့မထားရှိတော့
ဖွဲ့ထားတည်ဆောက်ထားတဲ့
အချစ်အိမ်လေးပြိုလဲမှာမေကြောက်လို့....။
နားလည်မူ့ဆိုတဲ့ ကြီုးနဲ့ အချစ်အိမ်လေးကို
ခိုင်မြဲစွာချဉ်နှောင်ကြစို့လား မောင်..............။

မိုးမမ ခံစားမူ့ ကိုလာရောက်ခံစားတဲ့သင်ကို ကျေးဇူးတင်ပါတယ်ရှင်





Monday, December 14, 2009

ကြွေဆင်းချင်တယ်

သခင့်ရင်တွင်း
ပန်းခင်းတစ်ခု
သခင်ပြုစု
ယုယမယ်ဆို
လှလှပပ
ပွင့်ပြမယ်လေ မနွမ်းမကြွေ
အမြဲတမ်းလဲဝေမယ်။

x သခင်က-ကြွေ
မနေနှင့်ဆို မဝေမပွင့်
အခွင့်ရရင်
သခင့်လမ်းမှာ
ပန်းခင်းထားမယ်
နင်းချေဖြတ်သန်း သခင်လှမ်းတိုင်း
စိတ်ရွှင်လန်းစေ ရနံ့ဝေဖို့။
x ခူးချင်ခူး ပန်ချင်ပန်
ခြွေမယ်ဆိုလဲကြွေကျပါ့မယ်
သခင့်အလိုကျ
ကိုယ့်ဘ၀ကိုယ့်ကြမ္မာလေ
သခင်စေရာသွား
သခင်ထားရာနေ
သခင့်အတွက်ဆိုရင်
အဆုံးစွန်ထိပေးဆပ်ချစ်မယ်
ဘယ်ဘ၀ထိရောက်ရောက်.......။ ။


Saturday, December 12, 2009

အုံ့ပုန်း

မချစ်ဘူးတဲ့လား
အချစ်ဦးပဲဖြစ်ချင်ခဲ့တာ၊
ငါပေးသလောက်ပြန်မရတောင်
အသိအမှတ်ပြုတာတော့ခံချင်တယ်။
ရင်မှာခံစားရတာဝေဒနာတွေပါ
အသာအယာမဖြေသိမ့်နိုင်တောင်
စာနာတတ်ရင်ကျေနပ်တယ်။်
မပိုင်ရတောင်ထိုင်ကြည့်နေရရင်
ပျော်ရွှင်မယ်။

အမုန်းတွေတော့မပေးပါနဲ့
ဆုံးရှုံးရမှာမခံနိုင်ဘူး။
မြင်တတ်မယ်ဆိုရင်
ငါ့ရင်ဘတ်ထဲကိုဝင်ကြည့်ပါ
မင်းအတွက်လေးနက်ခြင်းတွေရှိတယ်။
ငါ့ဦးနှောက်ကအပြင်းအထန်ငြင်း
ဆန်နေလည်း
နှလုံးသားကအသည်းအသန်တောင်းဆိုနေတော့
ငါဘယ်လိုဆုံးဖြတ်ရမှာလဲ
အဆုံးသတ်မှာတော့
အုံ့ပုန်းအဖြစ်နဲ့နေတာပဲကောင်းပါတယ်.........
သူငယ်ချင်းလေပြေမေးလ်မှကူးယူတင်ပြပါသည်...။

မပြီးဆုံးသေးသော..

အသစ်ပြန်ဖြစ်တဲ့
နှလုံးသားများနဲ့
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။


နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။

ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။

လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။

ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။
သူငယ်ချင်း လေပြေမေးလ်မှ တဆင့်ကူးယူ ဖော်ပြပါသည်...။

Saturday, December 5, 2009

နာမည်လေးတွေရဲ့တန်ခိုးကိုကြည့်မယ်နော်.......


မွေးနံ တန်ဖိုး
(၁) ။ (၈)
(၂) ။ (၅)
(၃) ။ (၆)
(၄) ။ (၃)
(၅) ။ (၁)
(၆) ။ (၂)
(၇) ။ (၇)
ကိုင်းတွက်ကြည့်မယ်နော် ....။
ဥပမာ ။ ။မိုးမမ ဆိုပါစို့ မ ဆိုတာက ကြာသာပတေး ဒိတော့ ( ၅ )
( ၅ ) တန်ဖိုးက ( ၁ ) ဒိတော့ မ သုံးလုံး ၁ + ၁ + ၁ = ၃
( ၃ ) တန်ဖိုးက.....။
သီဟရာဇာ = သတ္တိရှိ တယ် ၊အောင်မြင်မယ် ၊ အများကလေးစားတာခံရမယ်တဲ့ ရှင့် ။
ကိုင်းသင့်ကိုတိုင်လည်းတွက်ကြည့်ပါအုန်းလား...................။

( တစ် )ခုရတယ်ဆိုရင်ဖြင့် တံခွန်ကျော်ဇောထင်ရှားမည်၊ထိပ်တန်းရောက်မယ်..။
( နှစ် )ခုရတယ်ဆိုရင်ဖြင့် ရာဇာအရာရာကိုဦးဆောင် မယ်၊အကြိးအကဲဖြစ်မယ် ၊သြဇာအညဏာရှိမည်။
( သုံး ) ခုရတယ်ဆိုရင်ဖြင့် သီဟရာဇာသတ္တိရှိ တယ် ၊အောင်မြင်မယ် ၊ အများကလေးစားတာခံရမယ်။
(လေး)ခုရတယ်ဆိုရင်ဖြင့် ခွေး တိုးတက်မူနှေးတက်တယ်၊သူများကိုအကူအညိတောင်းပြိနေရတက်တယ်။
( ငါး )ခုရတယ်ဆိုရင်ဖြင့် နွား ပင်ပန်းမယ် ၊ကြိုးစားရမယ် ၊ကိုယ်ကျိုးစွန့် ရမယ် ။
( ၆ )ခုရတယ်ဆိုရင်ဖြင့် မြင်း ပြေးလွားနေရတက်တယ်ပင်ပန်းမယ် ၊စိးပွားတက်လွယ်ကျလွယ်မယ် ။
( ၇ )ခုရတယ်ဆိုရင်ဖြင့် ဆင် လျို့ဝှတ် တက်မယ် ၊ ထိပ်တန်းနေရမယ် ။
( ၈ )ခုရတယ်ဆိုရင်ဖြင့် ကျိး အများအထင်သေးခံရတက်တယ်။

BelieveLove






ဒိလင်ဒိမယားအိုအောင်ပေါာင်းရ မပေါာင်းရတွက်နည်းလေးပါ..။


တွက်မဲ့သူ အမျိုးသားနဲ့အမျိုးသမိး နံနှစ်ခုကိုပေါာင်းလိုက်ပါ......။
ပြီးရင် ၄ နဲ့ မြှောက် လိုက်ပါ ။မြှောက်လို့ရတဲ့ ဟာကို ( ၇ ) နဲ့ ပြန်စားပေးပါ ..။
ဥပမာ ။ ။ ကြာသပတေး သား နဲ့ သောကြာ သမိး ကိုတွက်ပြပါ့မယ် ။
ကြာသပတေးဆိုတော့ ( ၅ ) သောကြာဆိုတော့ ( ၆ )
ပေါာင်းတော့ = ၁၁ ရတယ်။ကဲ ( ၁၁ ) ကို ( ၄ ) နဲ့မြှောက်မယ်..။
( ၄၄ )ရတယ် ။ဒိတော့ ( ၄၄ ) ကို ( ၇ ) နဲ့ ပြန်စားတော့ ....။
( ၂ ) ကြွင်းတယ်။
( ၂ )ကြွင်းကတော့ ငွေကြေးဥစ္စာ ၊ သားသမိးရတနာ ပြည့်စုံမယ် မေတ္တာ
ခိုင်မြဲမယ်တဲ့..။ အဟဲ မိတ်ဆွေရောဘာကြွင်းလည်းသိချင်ရင်တော့....။
အောက်မှာဆက်ဖတ်ပါ ....။

( ၀ )ကြွင်းကတော့ဆွေမျိုးသားခြင်းများကြောင့်စိတ်သောကရောက်တက်တယ်..။
( ၁ )ကြွင်းကတော့မိဘဆွေမျိုးကြောင့်အိမ်ထောင်ပျက်ကိန်းရှိတယ်...။
( ၂ )ကြွင်းကတော့ ငွေကြေးဥစ္စာ ၊ သားသမိးရတနာ ပြည့်စုံမယ် မေတ္တာ
ခိုင်မြဲမယ်တဲ့..။
( ၃ )ကြွင်းကတော့ ......................။
( ၄ )ကြွင်းကတော့ရွေ ငွေ နှင့် သားကောင်းသမိးကောင်းရမယ်။ချမ်းသာမယ်..။
( ၅ )ကြွင်းကတော့ မိဘဂုဏ် ကြောင့်လင်မယားအချစ်တာရှည်မယ်...။
( ၆ )ကြွင်းကတော့အိမ်တစ်ဆောင်မိးတစ်ပြောင်နှင့် တင့်တယ်ချမ်းသာစွာ ရာသက်ပန်နေရမယ်..။
ကိုင်း ကျေနပ်နစ်သိမ့်နိုင်ပါစေရှင် ( ၃ )ကိုတော့သေချာ ဖတ်ပြိးပြန်တင်ပေးပါ့မယ် မသေချာလို့ ပါရှင်...။

Kaspersky Internet Security 2010 ကို Activation လုပ်ခြင်း

အင်တာနက် ကော်နက်ရှင်ကိုပိတ်ထားလိုက်ပါ။


Kasper ကိုဖွင့်ပါ။ အောက်နားလေးမှာ License:Not Activated ဆိုတာကိုတွေ့လား အဲဒါကိုနှိပ်လိုက်။


အရင်ကတည်းက ကီးရှိနေခဲ့ရင်လည်း အပေါ်မှာ အနီရောက် ကြက်ခြေခတ်ကလေးကိုနှိပ်ပြီးတော့ ဖျက်ပစ်ပါ။


Activete New License ဆိုတာကိုရွေးပါ။

Kaspersky Internet Security Activation Wizard ဆိုတာပွင့်လာလိမ့်မယ်။


အဲဒီမှာ ကုဒ်တောင်းလို့ရှိရင် "T1JVS-NNMBD-K1QTN-SUBP8" ကိုရိုက်လိုက်ပါ။


Activation Fails ဆိုပြီးပေါ်လာလိမ့်မယ်။ မပူပါနဲ့။


အောက်မှာ Browse ဆိုပြီးတော့ ကီးဖိုင်ရှိတဲ့နေရာကို ပြဖို့ ပေါ်လာပါလိမ့်မယ်။


အဲဒီအခါမှာ အောက်မှာပေးထားတဲ့ ကီးတွေကို ဒေါင်းပြီးတော့ အင်စတောလုပ်လိုက်ပါ။


များများသုံးရင်တော့ ဘလက်လစ်ဖြစ်သွားမှာပေါ့။ ဒီနည်းကတော့ အင်တာနက်မရတဲ့ အိမ်သုံးကွန်ပြူတာများအတွက်ရည်ရွယ်ပါတယ်။


ကံကောင်းရင်တော့ ဘလက်လစ်မဖြစ်တဲ့ ကီးအသစ်တွေရမှာပါ။ ရှာပြီးတင်ပေးထားပါ့မယ်။

http://phyatkyee.zzl.org/key/KIS2010.zip


Kaspersky Anti-Virus ( KAV ) 2010:

KU5MU-Y5QJ7-5YF44-Z6CX6


key for kav2010:

4GYPT-HXHZZ-Z6RK2-WR1HR




Kaspersky Internet Security ( KIS ) 2010:

3N65F-DH38X-45ENB-8GNNB



သင်ဟာသူရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ


သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ” တဲ့
နည်းကတော့လွယ်လွယ်လေးပါ
...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့မွေးနေ့သက္ကရာဇ်အားလုံးကိုပေါင်းကြည့်
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့ဂျာ...
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991 သင့်ချစ်သူက 4.4.1990 ဆိုပါစို့
13+1+1991+4+4+1990=4181
4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့ ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်..

( 1 )ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... နောင် bus
ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
( 2 ) ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက
ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့
ထားပေးလိုက်ကြပေါ့နော့....

( 3 ) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့ :P

( 4 ) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ်
သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်
ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
ဇါတ်သိမ်းသွားလိမ့်မယ်နော်...

( 5 ) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး
နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ
အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
ဖူးစာရှင်အစစ်လို့ ...

( 6 )ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက
သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး
သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
ဘာမှမသိသလိုနေမှာအသေအချာပဲ ...
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့
သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ
သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....

( 7 ) ရတဲ့သူက ဒီတစ်ယောက်က
သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်
အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်
သင်ဟာ ရုပ်မရှိရင်
အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့
သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...

( 8 )ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ

သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်
သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...
:)

( 9 )ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့

နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
ဒါကြောင့်သင်တို့အချစ်ကို
သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ
ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း
သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...

Friday, December 4, 2009

ကဗျာ ( ၁၂ )

အချစ်

သံသရာတကွေ့
စုံတွေ့ခဲ့ရ
မောင်တစ်ယောက်ကို
အသက်ထက်မျှ
ချစ်ခင်စုံမက် ဘ၀ကိုပေး
ချစ်ခဲ့ဖူး၏

အကြိုက်ကိုဆောင်
ဆန္ဒမှန်သမျှ....
မောင်လိုအင်
မောင့်ဆန္ဒ
တစ်ခွန်းကိုမျှ မငြင်းပယ်ဘဲ
မောင်ဆန္ဒကိုဖြည့်ခဲ့သမျှ
နောက်ဆုံးမှာကား ၊ သူစကားတစ်ခွန်း၊ မေကိုပြောသည်
နင် ( .... ) တည်း
အပြောခံရ စိတ်နာလှ၏

မိုးမမ ချစ်ချစ်

Image Hosting by imagefra.me
ဝေးကွာ ချစ်သူ
မေ့ ချစ်သူကို
ညစဉ်ရက်ဆက်
လွမ်းလို့နေ လို့
အလွမ်းပြေ လေးကြည့်ဖို့ရာ
.................။

နောက်စာကြောင်းများရေးရန်

နိုဝင်ဘာ ၃၀ ရက်မှ ဒိဇင်ဘာ ၆ ရက်ထိ့

ARIES [ March 21 - April 19 ]
အလုပ်စီးပွားတိုးတက်မည်။ စိတ်ချမ်းမြေ့ရမည်။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မည်။ ကြီးကဲသောသူများထံမှ ကောင်းသောအထောက်အကူရမည်။ လက်စွပ်လက်ဆောင်ရမည်။ ရွှေဝင်ကိန်းရှိ သည်။ ဘုရားဆင်းတုတော်၊ ဘုရားပုံတော် ၀င်ကိန်းရှိသည်။ အလွန်ကောင်းသောနိမိတ်ဖြစ်သည်။ ထိုသို့ကြုံက လုပ်ငန်းခွင်ရှိသူများအဖို့ ရာထူးတိုးခြင်း၊ ၀င်ငွေတိုးပွားခြင်းရှိမည်။ အိမ်ထောင်သည်အမျိုး သားများ အိမ်ထောင်ဖက်ဇနီးသည်၏စကားအားလက်ခံခြင်းပြုက အထူးသာယာချမ်းမြေ့မည်။
နောက် ရာသီဖွားများကိုအောက် မှာဖော်ပြထားပါသည်....။

TAURUS [ April 20 - May 20 ]
ခရီးအကြံအစည်များအောင်မြင်မည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပနိုင်ငံ ရပ်ခြားခရီးသွားရောက်ရမည်။ ပျိုရွယ်သူများအဖို့ အရှေ့တောင်အရပ်သို့ခရီးသွားရင်း ထူးခြားသည့်စန်း ပွင့်မည်။ ပညာအတတ်ဆောင်ရွက်သူများ အဆင့်မြင့်ပညာလေ့လာရခြင်းကြုံမည်။ မြောက်အရပ်သို့ ခရီး သွားခြင်းရှောင်ပါ။ စိတ်ရှုပ်ရမည်။ ရောဂါချူချာ၍ ကျန်းမာရေးအညံ့ကြုံမည်။
GEMINI [ May 21 - June 21 ]
အပြိုင်အတိုက်အခံများအားကျော်လွှား၍ တိုးတက်ခြင်း၊ အောင်မြင်ခြင်းများကြုံမည်။ စနစ်တကျစီမံဆောင် ရွက်မှု၏ အကျိုးကောင်းရမည်။ ပညာသင်တန်းနှင့်ပတ်သက်သောကိစ္စများ အထူးအောင်မြင်မည်။ ပညာ ကိုအခြေတည်၍ လုပ်ကိုင်ဆောင်ရွက်ခြင်းများမှ အထင်အရှားတိုးတက်မည်။ စိတ်ကူးထားသည်များကို လက်တွေ့အကောင်အထည်ဖော်ရန် အခါကောင်းကျရောက်သည်။ အင်္ဂါနံ၊ ကြာသပတေးနံလုပ်ငန်းများ လုပ်ကိုင်အကျိုးပေးမည်။
CANCER [ June 22 - July 22 ]
နေထိုင်ရာအရပ်၏မြောက်ဘက်သို့ ခရီးသွားခြင်းရှောင်ပါ။ ရောဂါတစ်စုံတစ်ရာဖြစ်ခြင်း၊ စိတ်ညစ်ရခြင်း များကြုံမည်။ နေအိမ်၏တောင်အရပ်၊ အနောက်တောင်အရပ်များမှ သူခိုးသူဝှက်အန္တရာယ်သတိထား ရမည်။ သော့၊ တံခါးချက်များပျက်စီးကပြုပြင်ပါ။ ဗုဒ္ဓဟူးသမီးတစ်ဦး စကားရှုပ်ထွေးမှုကြောင့် ပြဿနာ လိုက်လံဖြေရှင်းရမည်။ အကြီးအကဲအထောက်အကူရမည်။ ရပ်ဝေးနှင့်ဆက်သွယ်ဆောင်ရွက်မှုများမှ အကျိုးရရှိမည်။ နာမည်ဂုဏ်သတင်းကျော်ကြားမည်။
LEO [ July 23 - August 22 ]
စနစ်တကျလုပ်ကိုင်၍ ထင်ရှား၊ ထူးခြားသည့်တိုးတက်မှုများရရှိမည်။ အလုပ်အကြံအစည်များ၊ လက် တွေ့လုပ်၍အကျိုးရှိမည်။ ကံမြင့်မားမည်။ မခိုင်မာသောလုပ်ငန်းများကို အစွဲအလမ်းကြီးစွာလုပ်ခြင်းရှောင် ပါ။ သူတစ်ပါးနှင့်တွဲဖက်လုပ်သောလုပ်ငန်းများရှောင်ပါ။ ကိုယ်တိုင်တစ်ဦးတည်းလုပ်လေ အကျိုးရှိလေ ဖြစ်သည်။ ပညာရှာသူများ ထူးခြားစွာတိုးတက်မည်။ ပျိုရွယ်သူများ ချစ်သူနှင့် သဘောထားကွာဟမှု များရှိမည်။
VIRGO [ August 23 - September 22 ]
အလုပ်ပို၊ တာဝန်ပိုများကို တွဲဖက်ဆောင်ရွက်ရမည်။ တချို့သော ကိစ္စများတွင် စိတ်မပျော်ဘဲဆောင် ရွက်နေရမည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအဖို့ လိုသည်ထက်ပို၍တွေးလွန်းခြင်း၊ နောက်တွန့်ခြင်းကြောင့် ဆုံးရှုံးစရာများရှိမည်။ ဆောင်ရွက်စရာရှိသည်များအား ခေါင်းအေးအေးနှင့်ဆောင်ရွက်ပါ။ ညာခြေ၊ ညာလက်တွင် မတော်တဆထိခိုက်တတ်သည်။ အသက် ၃၀အရွယ် အမျိုးသမီးများ သားအိမ်နှင့်ပတ် သက်၍ကျန်းမာရေးဂရုစိုက်ပါ။
LIBRA [ September 23 - October 22 ]
စိတ်ချမ်းမြေ့ခြင်း၊ အလိုရှိရာပြည့်စုံခြင်း၊ ကံမြင့်မားခြင်းရှိမည်။ စိတ်ကူးထားသည်များ လက်တွေ့ဆောင် ရွက်ဖြစ်ပေါ်မည်။ ကောင်းသောသတင်းစကားများကြားရမည်။ ဘာသာရေးကိစ္စများ မရည်ရွယ်ဘဲ ဆောင်ရွက်ရမည်။ မိသားစုတွင် အလှူမင်္ဂလာများရှိမည်။ ပြန့်ကျဲနေသည့်အလုပ်ကိစ္စ၊ ငွေကြေးများ စနစ်တကျစီမံဆောင်ရွက်၍ အဆင်ပြေမည်။ ရွှေထည်ပစ္စည်းဝင်ခြင်း၊ ငွေအလုံးအခဲလိုက်ဝင်ခြင်းကြုံမည်။ ခရီးသွားရင်း ထူးခြားသည့်သူတော်စင်များနှင့်ဆုံတွေ့ရမည်။
SCORPIO [ October 23 - November 21 ]
အလုပ်အကြံအစည်သစ်များ အကောင်အထည်ဖော်သင့်သည်။ ကြီးကြီးကျယ်ကျယ်တွေးတောကြံစည် လေ အဆင်ပြေလေဖြစ်သည်။ မီးအိမ်၊ မီးလုံး၊ မီးချောင်းကွဲသည်ကိုကြုံက အန္တရာယ်ကြုံမည့်နိမိတ်ဖြစ်သည်။ အညံ့များပြေပျောက်ရန် ကုသိုလ်ကောင်းမှုပြုခြင်း၊ ခေါင်းလျှော်ခြင်းများဆောင်ရွက်ပါ။ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့မွေးသူများကစေတနာသန့်သန့်ဖြင့် မိမိအားအကူအညီပေး၍ အောင်မြင်ခြင်း၊ အဆင်ပြေ ခြင်းများရရှိမည်။
SAGITTARIUS [ November 22 - December 21 ]
အခက်အခဲမှန်သမျှ ပြေလည်အောင်ဆောင်ရွက်နိုင်သည်။ အလုပ်အကြံအစည် စီးပွားရေးရာများအထူး အောင်မြင်မည်။ ပျိုရွယ်သူများအလွန်စန်းပွင့်မည်။ မေတ္တာရေးနှင့်ပတ်သက်၍ ထူးခြားသည့်ကိစ္စရပ် ကြုံမည်။ လုပ်ငန်းဟောင်းတချို့ရပ်တန့်၍ လုပ်ငန်းသစ်၊ စီးပွားသစ်များဆောင်ရွက်နိုင်မည်။ မိသားစုတွင် အိုးအိမ်နေရာထိုင်ခင်းအဟောင်းထွက်၍ အသစ်ဝင်ခြင်း၊ သီးသန့်အသစ်ရခြင်းရှိမည်။ ငွေကြေးလာဘ် လာဘပွင့်မည်။
CAPRICORN [ December 22 - January 19 ]
အလုပ်တွင်လည်းကောင်း၊ နေအိမ်တွင်လည်းကောင်း စိတ်မပျော်သလိုဖြစ်မည်။ ပစ္စည်း၊ ငွေကြေးအပျောက် အရှများမည်။ မည်မျှအေးအေးဆေးဆေးနေစေ ကိုယ်လုပ်သည့်ကိစ္စအပေါ် လိုက်လံနှောင့်ယှက်သူများနှင့် တွေ့ရမည်။ အခက်အခဲများကြုံပြီးမှ အလိုရှိရာပြည့်စုံမည်။ သောကြာနံပစ္စည်းများ၊ လုပ်ငန်းများမှ အကျိုး အမြတ်ကောင်းစွာရမည်။ အင်္ဂါနံလုပ်ငန်းများကို မိသားစုအသွင်ဆောင်ရွက်ပါက ကောင်းခြင်းအကျိုး အမြတ်ရရှိမည်။ အဖော်မပါဘဲ ခရီးဝေးသွားခြင်းရှောင်ပါ။


ပေးဆပ်မယ့် ချစ်သူ


အေးစက်တဲ့ နှင်းစက်တွေကြား
လမ်းပျောက်နေဆဲ နှလုံးသားရဲ့
နွေးထွေးခြင်း မီးအိမ်လေး
အလင်းရောင် မှုန်ေ၀၀ါး
ချစ်လွန်းလို့ မုန်းတတ်လာပါပြီ ...

မိန်းမဆိုးလေး ... နင်ဟာလေ
များပြားတဲ့ ဒုက္ခ ခေါင်းစဉ်အောက်
ငါ့ကို အကြိမ်ကြိမ် ကျရှုံးစေခဲ့တာကို
ကျေနပ်စွာ နေမိတာပါ . . .
တခြားသူရဲ့ ပုခုံးထက် မှီတွဲလို့
မင်းပျော်နိုင်မယ်ဆို
အချစ်စိတ်တွေ မျိုသိပ်ရင်း
တစ်ဘ၀လုံး ပေးဆပ်ချင်တာပါကွယ် . . . ။
zero.boyz21@gmail.comမှာ ကူးယူဖော်ပြပါသည်..........။

Wednesday, December 2, 2009

MTH ရေးပေးတဲ့ ChatZilla အကြောင်း


MIRC မှာ မြန်မာလိုရိုက်လို့မရပါဘူး။
အဲဒါ IRC တစ်နည်း ygnchat မှာ မြန်မာလိုပြောချင်သူများအတွက် နည်းကောင်းလေးပေးလိုက်ပါတယ်။
ဒီနည်းက အ၇မ်းလွယ်လွန်းပါတယ်။
လူတွေမသိကြသေးလို့ပါ။

ပထမဆုံး။ Mozilla firefox ကိုဖွင့်ပါ။
address bar မှာ
https://addons.mozilla.org/en-US/firefox/downloads/latest/16/addon-16-latest.xpi
ကိုရိုက်လိုက်ပါ။
ပြီးရင် Enter ခေါက်လိုက်ပါ။
Install plugin ဆိုတာ ပေါ်လာလိမ့်မယ်။
အဲဒါကို သွင်းလိုက်ပါ။
Restart Firefox ဆိုပြီးပေါ်လာလိမ့်မယ်။
Restart ချလိုက်ပါ။
ပြန်တက်လာရင် New add on ပေါ်နေလိမ့်မယ်
အဲဒီမှာ သင့်အင်တာနက်က Proxy သုံးသလား မသုံးဘူးလား ဆိုတာပေါ်မူတည်တယ်။
Mozilla>Tools>ChatZilla ကိုသွားပါ။
ွချက်တက် ၀င်းဒိုးပေါ်လာလိမ့်မယ်။
အဲဒီမှာ Preference ကို သွား။
Global setting မှာ Proxy type ကို သင့်အင်တာနက်မှာ Proxy သုံးရင် http လို့ရိုက်ထည့်။
မသုံးရင် ဘာမှထည့်စရာမလိုဘူး။
ဒါပဲ။
ပြီးရင် MIRC မာဝင်သလိုပဲ။ ၀င်တတ်မယ်ထင်ပါတယ်။
/server hardcore.myanmarlinux.org:443 ဆိုပြီးရိုက်လိုက်
တက်လာလိမ့်မယ်
ကိုင်း မြန်မာလို စချက်လို့ရပါပြီ။ တစ်ခုရှိတာက ဟိုဘက်ကလည်း ဒါမျိုးသုံးမှ မြန်မာလိုမြင်ရမှာနော်။
သူတို့က MIRC , scoop, kickchat အဲဒါတွေသုံးထားရင်တော့ ????? တွေပဲတက်နေမှာလေ။
အားလုံးပျော်ရွှင်ပါစေ ............။