ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Friday, December 4, 2009

နိုဝင်ဘာ ၃၀ ရက်မှ ဒိဇင်ဘာ ၆ ရက်ထိ့

ARIES [ March 21 - April 19 ]
အလုပ်စီးပွားတိုးတက်မည်။ စိတ်ချမ်းမြေ့ရမည်။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မည်။ ကြီးကဲသောသူများထံမှ ကောင်းသောအထောက်အကူရမည်။ လက်စွပ်လက်ဆောင်ရမည်။ ရွှေဝင်ကိန်းရှိ သည်။ ဘုရားဆင်းတုတော်၊ ဘုရားပုံတော် ၀င်ကိန်းရှိသည်။ အလွန်ကောင်းသောနိမိတ်ဖြစ်သည်။ ထိုသို့ကြုံက လုပ်ငန်းခွင်ရှိသူများအဖို့ ရာထူးတိုးခြင်း၊ ၀င်ငွေတိုးပွားခြင်းရှိမည်။ အိမ်ထောင်သည်အမျိုး သားများ အိမ်ထောင်ဖက်ဇနီးသည်၏စကားအားလက်ခံခြင်းပြုက အထူးသာယာချမ်းမြေ့မည်။
နောက် ရာသီဖွားများကိုအောက် မှာဖော်ပြထားပါသည်....။

TAURUS [ April 20 - May 20 ]
ခရီးအကြံအစည်များအောင်မြင်မည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပနိုင်ငံ ရပ်ခြားခရီးသွားရောက်ရမည်။ ပျိုရွယ်သူများအဖို့ အရှေ့တောင်အရပ်သို့ခရီးသွားရင်း ထူးခြားသည့်စန်း ပွင့်မည်။ ပညာအတတ်ဆောင်ရွက်သူများ အဆင့်မြင့်ပညာလေ့လာရခြင်းကြုံမည်။ မြောက်အရပ်သို့ ခရီး သွားခြင်းရှောင်ပါ။ စိတ်ရှုပ်ရမည်။ ရောဂါချူချာ၍ ကျန်းမာရေးအညံ့ကြုံမည်။
GEMINI [ May 21 - June 21 ]
အပြိုင်အတိုက်အခံများအားကျော်လွှား၍ တိုးတက်ခြင်း၊ အောင်မြင်ခြင်းများကြုံမည်။ စနစ်တကျစီမံဆောင် ရွက်မှု၏ အကျိုးကောင်းရမည်။ ပညာသင်တန်းနှင့်ပတ်သက်သောကိစ္စများ အထူးအောင်မြင်မည်။ ပညာ ကိုအခြေတည်၍ လုပ်ကိုင်ဆောင်ရွက်ခြင်းများမှ အထင်အရှားတိုးတက်မည်။ စိတ်ကူးထားသည်များကို လက်တွေ့အကောင်အထည်ဖော်ရန် အခါကောင်းကျရောက်သည်။ အင်္ဂါနံ၊ ကြာသပတေးနံလုပ်ငန်းများ လုပ်ကိုင်အကျိုးပေးမည်။
CANCER [ June 22 - July 22 ]
နေထိုင်ရာအရပ်၏မြောက်ဘက်သို့ ခရီးသွားခြင်းရှောင်ပါ။ ရောဂါတစ်စုံတစ်ရာဖြစ်ခြင်း၊ စိတ်ညစ်ရခြင်း များကြုံမည်။ နေအိမ်၏တောင်အရပ်၊ အနောက်တောင်အရပ်များမှ သူခိုးသူဝှက်အန္တရာယ်သတိထား ရမည်။ သော့၊ တံခါးချက်များပျက်စီးကပြုပြင်ပါ။ ဗုဒ္ဓဟူးသမီးတစ်ဦး စကားရှုပ်ထွေးမှုကြောင့် ပြဿနာ လိုက်လံဖြေရှင်းရမည်။ အကြီးအကဲအထောက်အကူရမည်။ ရပ်ဝေးနှင့်ဆက်သွယ်ဆောင်ရွက်မှုများမှ အကျိုးရရှိမည်။ နာမည်ဂုဏ်သတင်းကျော်ကြားမည်။
LEO [ July 23 - August 22 ]
စနစ်တကျလုပ်ကိုင်၍ ထင်ရှား၊ ထူးခြားသည့်တိုးတက်မှုများရရှိမည်။ အလုပ်အကြံအစည်များ၊ လက် တွေ့လုပ်၍အကျိုးရှိမည်။ ကံမြင့်မားမည်။ မခိုင်မာသောလုပ်ငန်းများကို အစွဲအလမ်းကြီးစွာလုပ်ခြင်းရှောင် ပါ။ သူတစ်ပါးနှင့်တွဲဖက်လုပ်သောလုပ်ငန်းများရှောင်ပါ။ ကိုယ်တိုင်တစ်ဦးတည်းလုပ်လေ အကျိုးရှိလေ ဖြစ်သည်။ ပညာရှာသူများ ထူးခြားစွာတိုးတက်မည်။ ပျိုရွယ်သူများ ချစ်သူနှင့် သဘောထားကွာဟမှု များရှိမည်။
VIRGO [ August 23 - September 22 ]
အလုပ်ပို၊ တာဝန်ပိုများကို တွဲဖက်ဆောင်ရွက်ရမည်။ တချို့သော ကိစ္စများတွင် စိတ်မပျော်ဘဲဆောင် ရွက်နေရမည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအဖို့ လိုသည်ထက်ပို၍တွေးလွန်းခြင်း၊ နောက်တွန့်ခြင်းကြောင့် ဆုံးရှုံးစရာများရှိမည်။ ဆောင်ရွက်စရာရှိသည်များအား ခေါင်းအေးအေးနှင့်ဆောင်ရွက်ပါ။ ညာခြေ၊ ညာလက်တွင် မတော်တဆထိခိုက်တတ်သည်။ အသက် ၃၀အရွယ် အမျိုးသမီးများ သားအိမ်နှင့်ပတ် သက်၍ကျန်းမာရေးဂရုစိုက်ပါ။
LIBRA [ September 23 - October 22 ]
စိတ်ချမ်းမြေ့ခြင်း၊ အလိုရှိရာပြည့်စုံခြင်း၊ ကံမြင့်မားခြင်းရှိမည်။ စိတ်ကူးထားသည်များ လက်တွေ့ဆောင် ရွက်ဖြစ်ပေါ်မည်။ ကောင်းသောသတင်းစကားများကြားရမည်။ ဘာသာရေးကိစ္စများ မရည်ရွယ်ဘဲ ဆောင်ရွက်ရမည်။ မိသားစုတွင် အလှူမင်္ဂလာများရှိမည်။ ပြန့်ကျဲနေသည့်အလုပ်ကိစ္စ၊ ငွေကြေးများ စနစ်တကျစီမံဆောင်ရွက်၍ အဆင်ပြေမည်။ ရွှေထည်ပစ္စည်းဝင်ခြင်း၊ ငွေအလုံးအခဲလိုက်ဝင်ခြင်းကြုံမည်။ ခရီးသွားရင်း ထူးခြားသည့်သူတော်စင်များနှင့်ဆုံတွေ့ရမည်။
SCORPIO [ October 23 - November 21 ]
အလုပ်အကြံအစည်သစ်များ အကောင်အထည်ဖော်သင့်သည်။ ကြီးကြီးကျယ်ကျယ်တွေးတောကြံစည် လေ အဆင်ပြေလေဖြစ်သည်။ မီးအိမ်၊ မီးလုံး၊ မီးချောင်းကွဲသည်ကိုကြုံက အန္တရာယ်ကြုံမည့်နိမိတ်ဖြစ်သည်။ အညံ့များပြေပျောက်ရန် ကုသိုလ်ကောင်းမှုပြုခြင်း၊ ခေါင်းလျှော်ခြင်းများဆောင်ရွက်ပါ။ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့မွေးသူများကစေတနာသန့်သန့်ဖြင့် မိမိအားအကူအညီပေး၍ အောင်မြင်ခြင်း၊ အဆင်ပြေ ခြင်းများရရှိမည်။
SAGITTARIUS [ November 22 - December 21 ]
အခက်အခဲမှန်သမျှ ပြေလည်အောင်ဆောင်ရွက်နိုင်သည်။ အလုပ်အကြံအစည် စီးပွားရေးရာများအထူး အောင်မြင်မည်။ ပျိုရွယ်သူများအလွန်စန်းပွင့်မည်။ မေတ္တာရေးနှင့်ပတ်သက်၍ ထူးခြားသည့်ကိစ္စရပ် ကြုံမည်။ လုပ်ငန်းဟောင်းတချို့ရပ်တန့်၍ လုပ်ငန်းသစ်၊ စီးပွားသစ်များဆောင်ရွက်နိုင်မည်။ မိသားစုတွင် အိုးအိမ်နေရာထိုင်ခင်းအဟောင်းထွက်၍ အသစ်ဝင်ခြင်း၊ သီးသန့်အသစ်ရခြင်းရှိမည်။ ငွေကြေးလာဘ် လာဘပွင့်မည်။
CAPRICORN [ December 22 - January 19 ]
အလုပ်တွင်လည်းကောင်း၊ နေအိမ်တွင်လည်းကောင်း စိတ်မပျော်သလိုဖြစ်မည်။ ပစ္စည်း၊ ငွေကြေးအပျောက် အရှများမည်။ မည်မျှအေးအေးဆေးဆေးနေစေ ကိုယ်လုပ်သည့်ကိစ္စအပေါ် လိုက်လံနှောင့်ယှက်သူများနှင့် တွေ့ရမည်။ အခက်အခဲများကြုံပြီးမှ အလိုရှိရာပြည့်စုံမည်။ သောကြာနံပစ္စည်းများ၊ လုပ်ငန်းများမှ အကျိုး အမြတ်ကောင်းစွာရမည်။ အင်္ဂါနံလုပ်ငန်းများကို မိသားစုအသွင်ဆောင်ရွက်ပါက ကောင်းခြင်းအကျိုး အမြတ်ရရှိမည်။ အဖော်မပါဘဲ ခရီးဝေးသွားခြင်းရှောင်ပါ။


No comments:

Post a Comment