
အေးစက်တဲ့ နှင်းစက်တွေကြား
လမ်းပျောက်နေဆဲ နှလုံးသားရဲ့
နွေးထွေးခြင်း မီးအိမ်လေး
အလင်းရောင် မှုန်ေ၀၀ါး
ချစ်လွန်းလို့ မုန်းတတ်လာပါပြီ ...
မိန်းမဆိုးလေး ... နင်ဟာလေ
များပြားတဲ့ ဒုက္ခ ခေါင်းစဉ်အောက်
ငါ့ကို အကြိမ်ကြိမ် ကျရှုံးစေခဲ့တာကို
ကျေနပ်စွာ နေမိတာပါ . . .
တခြားသူရဲ့ ပုခုံးထက် မှီတွဲလို့
မင်းပျော်နိုင်မယ်ဆို
အချစ်စိတ်တွေ မျိုသိပ်ရင်း
တစ်ဘ၀လုံး ပေးဆပ်ချင်တာပါကွယ် . . . ။
zero.boyz21@gmail.comမှာ ကူးယူဖော်ပြပါသည်..........။

No comments:
Post a Comment