ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Wednesday, December 23, 2009

အချစ် အတွဲ ( ၁)


လာအချစ်
ကိုယ့်လက်ကိုတွဲ
ရဲရဲလိုက်ခဲ့
နှစ်ယောက်တည်းနော်
ကိုယ်တို့ဖန်ဆင်း
ကဗျာပန်းခင်း မွှေးပျံ့သင်းစေ
ကိုယ်တို့ဖန်ဆင်း
လောကကြိးလည်း သောကငြိမ်းစေ။

ရောမမြို့ကို
တစ်နေ့တည်းပြိးအောင်
မတည်ဆောက်နိုင်ခဲ့ပေမယ့်
ချစ်ဗိမာန်တစ်ခုကိုတော့
ကိုယ်တို့ပြိးအောင်ဆောက်နိုင်မယ်။
မောင်လို့ခေါ်သံလေးတစ်ခုနဲ့
ထွက်သက်ဝင်သက် တွေညံ
ခွန်အားသစ်တွေစုပေါင်း
နေ့သစ် ပေါင်းများစွာမှာ
ရှင်သန်ခြင်း အတိနဲ့ပေါ့။
အီ၇ျစ်ဘုရင်မ
ကယ်လီယိုပက်ထရာလို
လှလှပပလေးပြုံးလိုက်ပါ။


No comments:

Post a Comment