
မင်းကိုမေ့ဖို့
မင်းကိုမလွမ်းဖို့
မင်းကိုသတိမရဖို့
မင်းအသံကြားရင်
ရင်မခုန်အောင်လို့
မင်းရဲ့အသံမှာ
မနစ်မမျောဖို့
မင်းပေးတဲ့အိပ်မက်မှာ
ငါမမျှော်လင့်ဖို့
အိပ်မက်ထဲ
မင်းမလာဖို့
မင်းပေးတဲ့အလွမ်းမှာ
ငါမခံစားဖို့
မင်းရဲ့အသံနဲ့ငါမသိအောင်
နှလုံးသားကို ဖဲ့မယူဖို့
ငါ့ကိုယ်ငါမညာဖို့
ပြီးတော့
ငါမင်းကိုမချစ်မိအောင်လို့
ငါ့နှလုံးသားကို ငါ စတေးရဦးမယ်။ ။
မိုးမမခံစားချက်နဲု့ကိုက်ညိလို့ ၀င်းကိုကို ဆိုဒ်မှကူးယူဖော်ပြပါသည်............။

No comments:
Post a Comment