ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Saturday, December 5, 2009

သင်ဟာသူရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ


သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဘယ်လောက်ရှိလဲ” တဲ့
နည်းကတော့လွယ်လွယ်လေးပါ
...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့မွေးနေ့သက္ကရာဇ်အားလုံးကိုပေါင်းကြည့်
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့ဂျာ...
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991 သင့်ချစ်သူက 4.4.1990 ဆိုပါစို့
13+1+1991+4+4+1990=4181
4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့ ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်..

( 1 )ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... နောင် bus
ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
( 2 ) ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက
ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့
ထားပေးလိုက်ကြပေါ့နော့....

( 3 ) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့ :P

( 4 ) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ်
သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်
ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
ဇါတ်သိမ်းသွားလိမ့်မယ်နော်...

( 5 ) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး
နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ
အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
ဖူးစာရှင်အစစ်လို့ ...

( 6 )ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက
သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး
သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
ဘာမှမသိသလိုနေမှာအသေအချာပဲ ...
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့
သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ
သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....

( 7 ) ရတဲ့သူက ဒီတစ်ယောက်က
သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်
အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်
သင်ဟာ ရုပ်မရှိရင်
အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့
သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...

( 8 )ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ

သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်
သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...
:)

( 9 )ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့

နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
ဒါကြောင့်သင်တို့အချစ်ကို
သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ
ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း
သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...

No comments:

Post a Comment