ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Saturday, December 12, 2009

အုံ့ပုန်း

မချစ်ဘူးတဲ့လား
အချစ်ဦးပဲဖြစ်ချင်ခဲ့တာ၊
ငါပေးသလောက်ပြန်မရတောင်
အသိအမှတ်ပြုတာတော့ခံချင်တယ်။
ရင်မှာခံစားရတာဝေဒနာတွေပါ
အသာအယာမဖြေသိမ့်နိုင်တောင်
စာနာတတ်ရင်ကျေနပ်တယ်။်
မပိုင်ရတောင်ထိုင်ကြည့်နေရရင်
ပျော်ရွှင်မယ်။

အမုန်းတွေတော့မပေးပါနဲ့
ဆုံးရှုံးရမှာမခံနိုင်ဘူး။
မြင်တတ်မယ်ဆိုရင်
ငါ့ရင်ဘတ်ထဲကိုဝင်ကြည့်ပါ
မင်းအတွက်လေးနက်ခြင်းတွေရှိတယ်။
ငါ့ဦးနှောက်ကအပြင်းအထန်ငြင်း
ဆန်နေလည်း
နှလုံးသားကအသည်းအသန်တောင်းဆိုနေတော့
ငါဘယ်လိုဆုံးဖြတ်ရမှာလဲ
အဆုံးသတ်မှာတော့
အုံ့ပုန်းအဖြစ်နဲ့နေတာပဲကောင်းပါတယ်.........
သူငယ်ချင်းလေပြေမေးလ်မှကူးယူတင်ပြပါသည်...။

No comments:

Post a Comment