ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Saturday, November 28, 2009

အလွမ်းခြေရာ


ငိုလိုသာ နေခဲ့လည်း
မျက်ရည်တွေပဲ
ခမ်းခြောက်သွားလိမ့်မယ်
ဆုံးဖြတ်ချက် တစ်ခုက
ရင်ကို တွယ်တာ

တုတ်နှောင်ခဲ့တဲ့နောက်
ငါလေ ပိုလို့တောင်
အိပ်မက်ကို စိတ်နာခဲ့တယ်
စိုပြေသာယာမှုကို
လိုချင်တပ်မက်လွန်း လို့
သန်းကောင်ယံရဲ့
နောက်ကွယ်ညမှာ ငါ
ကြယ်ပွင့်လေး တွေ့နဲ့
အတူတူ မျက်ရည် မိုး
ခညောင်းနေခဲ့တာ
မင်းကို ချစ်မိတဲ့နောက်
ရလဒ်တစ်ခု ပါ ......
ဝဋ်ကြွေးလို့ မသတ်မှတ်ပါဘူး
စွတ်ကြောင်း ထင်မိတဲ့
ဒဏ်ရာလိုပဲ
အရာလေးတော့ ကျန်နေခဲ့တာပေါ့ကွာ ........
Myokoko.bluesky@gmail.comမှ တဆင့် .................။

မိုးမမ ရင်ဖွင့်စာ


ကျွန်မ ရဲ့ ကဏ္ဍ လေးက ကဗျာဝါသနာ အိုးလေးတွေအတွက်တည်ထောင်ထားတာပါ...။
ကျွန်မ ကိုယ်တိုင်က ကဗျာကို ၀ါသနာ သိပ်ပါပါတယ် ဒါပေမဲ့ခံစားမရေးတက်ဘူးရှင့်
ကော်ပိလေးတွေပိုများပါတယ် ရှင် ခံစားနားလည်ဖတ်ရူ့ပေးကြပါလို့နော်.........။

မိုးမမ ကဗျာကိုဖတ်ရင်းကျေနပ်နစ်သိမ့်နိုင်ကြပါစေရှင်.......။

ရိုးရှင်းသောကဗျာ ( ၂ )


ခင်မင်မူ့ကိုအစပြု
ငါ့အပေါ် ရိုးသားခဲ့တာ မင်းပါ....။
နှလုံးသားကို အရင်းခံ

ငါအပေါ်သိပ်ချစ်ခဲ့တာ မင်းပါ...။

သီးခံမူတွေလွမ်းခြုံ
ခေါင်းညိတ် " ခံ " ခဲ့တာ မင်းပါ...။
ခုတော့
သိုးအရေခြုံတာ မင်းဖြစ်နေတယ်..။
ငါ့နှသုံးသားကို မီးနဲ့မြိုက်
ငါ အသွေးအသားကို ခြေတော်တင်ပြိး
ငါနောက်ကွယ်မှာခြေ တွေရူပ်
ငါအသဲ ကို အစိမ်းတိုက်
ဓါး နဲ့ အစိတ်စိတ်အမွာမွာ မွန်းနေတာလား....။
မိုးမမ ခံစားတင်ပြသည်.............။


Friday, November 27, 2009

ရိုးဆင်းသောကဗျာလေး တစ်ပုဒ်

ခင်မင်မူနဲ့အစပြု လို့......။
ဒို့ နှစ်ယောက်ခင်မင်ခဲ့ကြတယ် ...။
ဒိလိုနဲ့တာဝန်တွေနဲ့ မင်းအဝေးကိုထွက် ခွာသွားလို့
ငါကို ဖုန်းအလွမ်းသံယောဇဉ်ပေးလို့ပေါ့.....။
ဒိလိုနဲ့အချိန်တွေကြာ ကာလတွေညောင်းလို့
နင် နဲ့ငါ နှလုံးသား နားလည်မူတွေ ရှိခဲ့လို့ပေါ့ ..။
အချစ် ကိုစတွေ့စ ဖြစ်တဲ့ မင်းအဖို့ ငါဟာ
မင်းရဲ့ ဘ၀ တစ်ခုဖြစ်ခဲ့ဘူးတယ် နော် ..........။
ဒိလိုနဲ့အချိန်တွေကြာညောင်း
သစ်ရွက်တွေစိမ်းလန်းလို့ဆိုပြေ ခါမှာပေါ့...။
အချိန်ကုန်ဆုံးမူကြားမင်းနဲ့ဒိုနှစ်ယောက်ရဲ့အကြင်နာတွေ
ခိုင်မြဲမူကြားမှာ အကြင်နာမိုးတွေရွာက ပျိုးလို့
မိုးနဲ့အတူ
အချစ်တွေလွန်ခဲ့တယ် ......
အချိန်တစ်ခု ကိုရယ်ကျော်လို့
မမျော်လင့်ချင်ဆုံး
သတင်းစကားတစ်ခု ငါ ကြားနာရတယ် ချစ်သူရယ်
နင်းအနား ကို မိန်းကလေး တစ်ယောက်
ရောက်လို့လာ ခဲ့ပေါ့တဲ့..........။
နှလုံးသား ရယ်မြေမှာ ခ လို့
မျက်ရည် ရယ်ဖြိုင်ဖြိုင် ကျခဲ့တယ်...။

မင်းမသိခဲ့ဘူးမှတ်လားချစ်သူ ...။
အချိန်တွေက ကြာညောင်းလို့
နွေဦးရောက်လို့
ရွက် ဟောင်းတွေမြေမှာခလို့
ကြွေကျနေပြိပဲ
နွေနဲ့အတူပေါ့


ချစ်သူငါ မင်းကိုအပြစ်မတင်ရက်ပါဘူး..။
သက်မဲ့သစ်ရွက်တွေတောင်ရာသီအလိုက်
ပြောင်းလဲနေတာ ပဲ ချစ်သူရယ်
မင်းကလည်းပုထုဇဉ် လူသားပေမို့
မင်းပြောင်းလဲတာ ငါ အပြစ်မမြင်ရက်လို့
ငါလေအဝေးကိုထွက်ပြေးပါ့မယ် ..။
မင်းကျေနပ်မှာပါ ..။
ဒါပေမဲ့ပေါ့ချစ်သူရယ် ..။။
ဆောင်းဆိုတာ ......
ငါအတွက်ရှိသေးရင်
ငါ ကိုနင့်နှလုံးသားသစ်နဲ့အတူပေးလည့်ပါလား .........။
မိုးမမ ခံစားတင်ပြရေးသားသည်...........။


Wednesday, November 18, 2009

ဘောလုံးချစ်သူ ( တစ် )


သိုးရေချုံထားခဲ့တာ ကြာပြီပဲ . . . . ။
ချွေးတလုံးလုံးနဲ့ ရုန်းကန်နေရတဲ့
ပွဲစဉ်ဇယားတွေ ပြီးဆုံးချင်ပြီ . . . . ။
လောကဆိုတဲ့ အရာဝထ္တုကြီး . . . .
ဘောလုံးပွဲလိုများ ပြီးဆုံးသွားရင်တောင်
ငါ့အတွက်က တစ်ချိန်လုံး အကန်ခံနေရတဲ့
ဘောလုံး ဖြစ်သွားပြီလား . . . . ?

အရာရာတိုင်းဈေးတက်နေတဲ့အချိန်မှာ
ငါတယောက်တည်း . . . .
‘‘အထူးလျှော့ဈေး’’ဆိုတဲ့
ဆိုင်းဘုတ်ကိုကိုင်ပြီး လမ်းသလားနေရတာ
ကြာလာတော့လည်း အားငယ်ချင်မိတယ် . . . . ။
ဒါပေမယ်လို့လဲ . . . .
ငါ့ ဈေးကွက် ၊ ငါ့ အယူအဆတွေ
ရောပြွန်းနေတဲ့ ငါ့အနာဂတ်တွေ . . . .
အလကားမတ်တင်းဈေးနဲ့ . . . .
သူတယောက်တည်း အပိုင်သိမ်းသွားတာလဲ . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဘာပဲဖြစ်ဖြစ် . . . .
. . . . ကောင်းတာပါပဲလေ . . . . ! !
. . . . . . . . . . . . . . . . . . . . . . . .
ဟုတ်ပါတယ် . . . . . . .
. . . . ဘာပဲဖြစ်ဖြစ် . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . .ကောင်းတာပါပဲလေ . . . . . . . ။
ကဲလား

အလွမ်းမိတ်ဆွေ


မိတ်ဆွေ.....
အချိန်တိုင်းလွမ်းနေရတော့
အလွမ်းတွေငါ့အတွက်မိတ်ဆွေဖြစ်လာတယ်
မလွမ်းချင်ပင်မဲ့ 
အလွမ်းဆိုတဲ့ မိတ်ဆွေကတော့
ငါ့ဆီအချိန်မှန်ရောက်လာတယ်
ငါစဉ်းစားမိတယ်
ငါနင့် ကိုသတိရမိတဲ့ အချိန်....
ငါနင့် ကိုလွမ်းမိတဲ့ အချိန်တွေမှာ.....
နင့် စိတ်ထဲငါ့ နာမည်ကို
အမှတ်ရနေရင်ပဲ
ငါကျေနပ်ပါပြီ...................

လာဖတ်တဲ့သင့်ကိုကျေးဇူးတင်တယ်နော်...။

သံယောဇဉ်



မမြင်ရတဲ့ သံယောဇဉ်
ရင်မှာချည်နှောင် စွဲရစ်ငင်...
နေရာတကာ မင်းအရိပ်ထင်
ကိုယ်ကိုတိုင်အောင် မယုံနိုင်အောင်...
သတိရစိတ်က ပိုလို့ပင်
မေ့ပျောက်စရာလဲ ရှာမရအောင်...
သံယောဇဉ်က တိုး၍ပင်
ဒီအဖြစ်လေးကို အမည်ပေးထား
မမြင်ရတဲ့ သံယောဇဉ် လား..

ချစ်သူဆိုတာ


သူငယ်ချင်းထက် မနက်ရှိုင်းဘူးတဲ့လား။
ငါထင်ခဲ့တာက ၁၅၀၀ဆိုတာကအချစ်
၅၂၈ ဆိုတာကမေတ္တာ ခင်မင်မှုပေါ့ဟာ.
ခင်မင်မှုနဲ့အချစ်ကြားမှာ တံတားတစ်စင်းရှိမှန်း
ငါအစကမသိခဲ့ဘူးဟာ
နင်ပြောကြည့်ပါ။

၁၅၀၀ နဲ့၅၂၈ ကြားကကွာဟမှုအားကိုပေါ့။
နင်ပေါင်းကြည့်လေ
၁,၅,၀,၀ဆိုတဲ့ဂဏန်းတွေ
၅,၂,၈ဆိုတဲ့ဂဏန်းတွေကိုပေါ့။
နှစ်ခုစလုံးရဲ့ပေါင်းခြင်းက(၆)ပဲရတယ်
(၆)၏အဓိပ္ပါယ်က The Lovers တဲ့။
၁၅၀၀ထဲက၅၂၈ကိုနုတ်ရင်ကျတော့၉၇၂ရတယ်
သူတို့ကပေါင်းတော့၁၈တဲ့
သူက The Moon တဲ့လေ
အဓိပ္ပါယ်က စိုးရွံ့ခြင်းတဲ့လေ
သြော်………ငါအခု၅၂၈နဲ့၁၅၀၀မှားချစ်မိလို့
စိုးရွံ့နေရပြီ
ဒါတောင် နင်ကငါ့ကို Friends ပါဘဲတဲ့လား
ကျေးဇူးပြု ၍ ငါချစ်ပါရစေဟာ………………..

Tuesday, November 17, 2009

ပန်းဥယျာဉ်မှူး


သူပြုစုထား
သူပန်းများသည်
ရောင်းစားဖို့ရန် ၊မဟုတ်ချေ။
ပန်းရာသီတွင် ၊ သူ့ဥယျာဉ်မှ
ပွင့်သမျှပန်း၊တောင်းပြည့်ထမ်းကာ
ရွာလမ်းထိပ်မှ၊ လာသမျှလူ
ဝေငှာလှူေ၇ွ့၊သောကမေ့လျှက်
ပျော်မွေ့ဘ၀၊သူပိုင်ရသော်
ရင်မှသိမ့်သိမ့်၊ပီတီစိမ့်ကာ
နှစ်သိမ့်တေးသံ၊ရွာဦးလျှံသည်
တစ်ရံတုန်းက ၊သာခဲ့၏…..။

တစ်နေ့ခါမူ၊ပန်းရာသီဆုံး
ပန်းများတုံးမှ၊သူ့တဲဝတွင်
အလှတစ်ပါး၊လက်ဖြန့်ထားေ၇ွ့
”ပန်းများပေးပါ “ငိုတောင်းလာသော်
ကြင်နာသည်းခိုက် ၊ နှလုံးလှိုက်ရွေ့
ရင်နိုတ်ပျိုးထား၊ချစ်ပန်းများကို
သနားစာနာ၊ပေးလိုက်ရာတွင်
မာယာစွမ်းပြ ၊ သူဇာလှသည်
အားရချုန်းထစ် ၊ အော်ဟစ်ေ၇ွ့ရယ်
ရုတ်ခြည်းကွယ်သော် ၊ တဲ ငယ်သိမ့်သိမ့်ခါခဲ့တကား။
ယင်းနေ့မှလျှင်
ဥယျာဉ်မှူးပျော်က် ၊ ပန်းခြံခြောက်လျက်
ကွယ်ပျောက်တေးသံ၊ဆိတ်ခဲ့သတည်း…..။

မောင်စွမ်းရည် မြန်မာစာမှကူးယူဖော်ပြပါသည်...။


Sunday, November 15, 2009

“အ၀ါ+အပြာ=အစိမ်း”


“မ” က…
ရထားကြီးစီးပြီး…
ခရီးသွားရတာကိုပျော်တဲ့သူ..
“ကို” ကတော့
မြန်တဲ့လေယာဉ်ပျံစီးပြီးမှ
ခရီးသွားချင်တဲ့သူ…
“မ” နဲ့”ကို”..
စတွေ့ခဲ့ကြတာက…
Highway Express ကားကြီးပေါ်မှာလေ….
……………………….

“မ” က…
ပန်းဆိုဆူးလေးတွေနဲ့
နှင်းဆီနီကိုမှထာဝရနှစ်သက်သူ
“ကို”ကတော့
ပန်းဆိုဖြူလွလွ
ပွင့်စံပယ်မှ တင့်တယ်တာတဲ့…
“မ”နဲ့”ကို”
အတူလမ်းလျှောက်ဖြစ်ခဲ့တာက
ခရေပင်တန်းလေးမှာပေါ့……
……………………..
“မ” က….
မိုးတွေ တဖွဲဖွဲရွှာနေတဲ့
စိမ့်အေးတဲ့ မိုးရာသီကို နှစ်သက်သူ
“ကို”ကတော့
မြူနှင်းတွေ ကျနေတဲ့
ဆောင်းရာသီကို နှစ်သက်သူ
“မ”နဲ့”ကို”
စတွေ့ခဲ့ကြတာက
အင်မတန် ပူပြင်းတဲ့ နွေရာသီမှာနော်…
…………………………….
“မ”က…
ကော်ဖီခါးကိုမှ
ခုံမင်စွာသောက်တဲ့သူ
“ကို”ကတော့
လဖက်ရည်ချိုကိုမှ
နှစ်သက်စွာသောက်တဲ့သူ
“မ” နဲ့”ကို”
အမြဲတွေ့ခဲ့ကြတာက
Ice cream ဆိုင်လေးမှာပဲ…
…………………………….
“မ”က
အရောင်ဆို
အ၀ါလေးကိုမှနှစ်သက်သူ
“ကို”ကတော့
အရောင်ဆို…….
အပြာရောင်ကိုမှကြိုက်တာပါတဲ့
“ကို” သိရဲ့လား…….
အ၀ါနဲ့အပြာပေါင်းရင်
အစိမ်းရောင်ဖြစ်တယ်နော်..
ဒါ့ကြောင့်………
“မ”နဲ့”ကို”….
စိမ်းကားသွားကြတာလား..ကွယ်…….
လေပြေမေလ်းမှတဆင့်ဖော်ပြပါသည်။
လည်ပါတ်သူအားလုံးကို


နင်မမြင်နိုင်ပေမဲ့

နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့

ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်း နင့်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
တကယ်တော့ နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....
လေပြေမေးလ်မှတဆင့်ကူးယူဖော်ပြသည်။

ဒီဇင်ဘာ အလွမ်း


တို့ တွေ့ချိန်လေးတွေ
အရင်ထက် ပိုနည်းသွားတော့
ကြေကွဲစွာ သန်းခေါင်ယံထဲ
ဟိုဒီအတွေးများနဲ့
ေ၀၀ါးနေခဲ့ရဖူးတယ်။

သြော်........ ဘာဖြစ်လဲ
နည်းသွားတာပဲ
လုံးဝတွေ့ခွင့်မရခြင်း
မင်းထက်တော့ ငါပိုသာတယ်ပေါ့........။
မထင်မှတ်ဘဲထပ်ကြား
တွေ့ခွင့်မရခြင်းက ငါ့ထံ
တဖန်ပြန်နေပါရစေတဲ့.....။
အပြုံးလေးနဲ့ ချစ်သူ့အားပေးစကား
အမှန်ဖြစ်ပါစေသားလို့ပဲ
စိတ်ထဲမှာ ဆုတောင်း
အမြင်မှာတော့ နေတတ်သလိုလိုနဲ့
ခေါင်းညိတ် ကျေနပ်လိုက်ရတယ်။
နောက်ဆုံးတော့လည်း အချစ်ရယ်
အ၇င်လို တို့ဝေး
မင်းရေးပေးဖူးတဲ့ ကဗျာလိုပဲ
ဘ၀ကို
နှစ်သိမ့်ခြင်းတွေနဲ့ နေပျော်တတ်အောင်
ကြိုးစားရတော့မှာပေါ့...........။
ကဲ............ ဒီဇင်ဘာရေ
ဝေးကွာခြင်းနှိပ်စက်
လွမ်းနေရုံသက်သက်မို့
မြူနှင်းတွေထဲ အထီးကျန်ရင်း
ငါ့အိပ်စက်ခြင်းတွေ ကင်းမဲ့ရတော့မယ်.............။ ။
လေပြေမေလ်းမှတဆင့်ကူယူဖော်ပြသည်။

Thursday, November 12, 2009

မပြီးဆုံးသေးသော..


သစ်ပြန်ဖြစ်တဲ့
နှလုံးသားများနဲ့
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။
နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။

ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။
လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။
ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။
ပြောပြဖြစ်ခဲ့တဲ့
ချစ်ခြင်းများနဲ့
ရရှိခဲ့တဲ့
မသိခြင်းများ…………။
ဆက်ရန်များနဲ့
ဆက်သွားရမယ့်
မနက်ဖြန်များ………။
မပြီးဆုံးသေးပဲ
ပျက်သုံးသွားတဲ့
ပန်းချီကားများ
ငါ့ရင်ထဲမှာ အပြည့်ပါလာ။

Wednesday, November 11, 2009

အမူးသမားကဗျာ


ရေချိန်လွန်ကြူး
ခေါင်းထဲ မူးတယ်
ဒယိမ်းဒယိုင်
မထိန်းနိုင်လို့၊
ခွေယိုင်လမ်းလျှောက်
အိမ်မရောက်ပြိ....
တစ်ယောက်ထိးတည်း
ကားပဲစိးမယ်
စိတ်ကရွယ်လို့
မီးလဲ့လဲ့ မြင်
သုံးဘိးထင်ပြိး
ငါလျှင်လက်ပြ

မရပ်ကြဘူး
ဒေါသခံပြင်း
နောက်တစ်စင်းတော့
ပုလင်းနဲ့ထု
ဝုကနဲ့ရပ်
လက်ထိပ်ခတ်မှ
ထပ်ချပ်သတိ့
ငါကြည့်မိတယ်၊

ချစ်သူ လက်ဆောင်


ချစ်သူ
အများတကာတွေထက် သာချင်တဲ့မင်းအတွက်
ကိုယ့်ရဲ့ အစိအစဉ်လေးတွေကိုပြောပြမယ်
ပန်းတစ်ပွင့် အတွက်…
ရင်ခုန်တက်ကြတဲ့ မိန်းကလေးတွေထဲက
ချစ်သူအတွက်
အများနဲ့မတူ အောင်ပန်းတစ်ခွေစိစဉ်ထားတယ်

ကိုယ်ခံစားချက် တွေနဲ့
ကဗျာ ဆန်ဆန် နာမည်ပေလိုက်သေးတယ်
လွမ်းသူပန်းခွေ တဲ့
မာစိဒိးမှ စိးချင်တဲ့မင်းအတွက်
မာစိဒိး ဆိုတာ ထိုင်ပြိးစိးရတာပါကွာ
မင်းအတွက် ကိုက
အိပ်ပြိးစိးလို့ ကားမျိုးစိစဉ်ထားတယ်
မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့
ကိုယ်ဆုတောင်းလေးတွေ ပြည့်နေတဲ့
သူနာမည်ကနိဗ္ဗာန် ယာဉ် တဲ့
မြို့မှာဆို လူ သံ ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြိး အိမ်ဆောက်ထားတယ်
ဟုတ်တယ်………
မြို့မှာဆို လူ သံ ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြိး အိမ်ဆောက်ထားတယ်
ဟုတ်တယ်………

အချစ်မဲ့အမုန်းမဲသော


လူတစ်ယောက်ကို
ချစ်နေရရင်
လောဘ တွေနဲ့
ပူလောင်ရသလို
မုန်းနေရင်လည်း
ဒေါသတွေက
ပူလောင်စေတယ်။
ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ငါလေ........
ဖြစ်တည်ရသမျှ
ဘ၀တိုင်းမှာ
အချစ်မဲ့
အမုန်းမဲ့သော
သူသာဖြစ်ရပါစေသား..........။


www.phyatkyee.tk မှတဆင့်ကူးယူတင်ပြပါသည်ရှင်..............။