ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Wednesday, November 11, 2009

ချစ်သူ လက်ဆောင်


ချစ်သူ
အများတကာတွေထက် သာချင်တဲ့မင်းအတွက်
ကိုယ့်ရဲ့ အစိအစဉ်လေးတွေကိုပြောပြမယ်
ပန်းတစ်ပွင့် အတွက်…
ရင်ခုန်တက်ကြတဲ့ မိန်းကလေးတွေထဲက
ချစ်သူအတွက်
အများနဲ့မတူ အောင်ပန်းတစ်ခွေစိစဉ်ထားတယ်

ကိုယ်ခံစားချက် တွေနဲ့
ကဗျာ ဆန်ဆန် နာမည်ပေလိုက်သေးတယ်
လွမ်းသူပန်းခွေ တဲ့
မာစိဒိးမှ စိးချင်တဲ့မင်းအတွက်
မာစိဒိး ဆိုတာ ထိုင်ပြိးစိးရတာပါကွာ
မင်းအတွက် ကိုက
အိပ်ပြိးစိးလို့ ကားမျိုးစိစဉ်ထားတယ်
မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့
ကိုယ်ဆုတောင်းလေးတွေ ပြည့်နေတဲ့
သူနာမည်ကနိဗ္ဗာန် ယာဉ် တဲ့
မြို့မှာဆို လူ သံ ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြိး အိမ်ဆောက်ထားတယ်
ဟုတ်တယ်………
မြို့မှာဆို လူ သံ ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြိး အိမ်ဆောက်ထားတယ်
ဟုတ်တယ်………

No comments:

Post a Comment