
သူပြုစုထား
သူပန်းများသည်
ရောင်းစားဖို့ရန် ၊မဟုတ်ချေ။
ပန်းရာသီတွင် ၊ သူ့ဥယျာဉ်မှ
ပွင့်သမျှပန်း၊တောင်းပြည့်ထမ်းကာ
ရွာလမ်းထိပ်မှ၊ လာသမျှလူ
ဝေငှာလှူေ၇ွ့၊သောကမေ့လျှက်
ပျော်မွေ့ဘ၀၊သူပိုင်ရသော်
ရင်မှသိမ့်သိမ့်၊ပီတီစိမ့်ကာ
နှစ်သိမ့်တေးသံ၊ရွာဦးလျှံသည်
တစ်ရံတုန်းက ၊သာခဲ့၏…..။
တစ်နေ့ခါမူ၊ပန်းရာသီဆုံး
ပန်းများတုံးမှ၊သူ့တဲဝတွင်
အလှတစ်ပါး၊လက်ဖြန့်ထားေ၇ွ့
”ပန်းများပေးပါ “ငိုတောင်းလာသော်
ကြင်နာသည်းခိုက် ၊ နှလုံးလှိုက်ရွေ့
ရင်နိုတ်ပျိုးထား၊ချစ်ပန်းများကို
သနားစာနာ၊ပေးလိုက်ရာတွင်
မာယာစွမ်းပြ ၊ သူဇာလှသည်
အားရချုန်းထစ် ၊ အော်ဟစ်ေ၇ွ့ရယ်
ရုတ်ခြည်းကွယ်သော် ၊ တဲ ငယ်သိမ့်သိမ့်ခါခဲ့တကား။
ယင်းနေ့မှလျှင်
ဥယျာဉ်မှူးပျော်က် ၊ ပန်းခြံခြောက်လျက်
ကွယ်ပျောက်တေးသံ၊ဆိတ်ခဲ့သတည်း…..။
မောင်စွမ်းရည် မြန်မာစာမှကူးယူဖော်ပြပါသည်...။
No comments:
Post a Comment