
သစ်ပြန်ဖြစ်တဲ့
နှလုံးသားများနဲ့
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။
နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။
ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။
လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။
ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။
ပြောပြဖြစ်ခဲ့တဲ့
ချစ်ခြင်းများနဲ့
ရရှိခဲ့တဲ့
မသိခြင်းများ…………။
ဆက်ရန်များနဲ့
ဆက်သွားရမယ့်
မနက်ဖြန်များ………။
မပြီးဆုံးသေးပဲ
ပျက်သုံးသွားတဲ့
ပန်းချီကားများ
ငါ့ရင်ထဲမှာ အပြည့်ပါလာ။
No comments:
Post a Comment