
တို့ တွေ့ချိန်လေးတွေ
အရင်ထက် ပိုနည်းသွားတော့
ကြေကွဲစွာ သန်းခေါင်ယံထဲ
ဟိုဒီအတွေးများနဲ့
ေ၀၀ါးနေခဲ့ရဖူးတယ်။
သြော်........ ဘာဖြစ်လဲ
နည်းသွားတာပဲ
လုံးဝတွေ့ခွင့်မရခြင်း
မင်းထက်တော့ ငါပိုသာတယ်ပေါ့........။
မထင်မှတ်ဘဲထပ်ကြား
တွေ့ခွင့်မရခြင်းက ငါ့ထံ
တဖန်ပြန်နေပါရစေတဲ့.....။
အပြုံးလေးနဲ့ ချစ်သူ့အားပေးစကား
အမှန်ဖြစ်ပါစေသားလို့ပဲ
စိတ်ထဲမှာ ဆုတောင်း
အမြင်မှာတော့ နေတတ်သလိုလိုနဲ့
ခေါင်းညိတ် ကျေနပ်လိုက်ရတယ်။
နောက်ဆုံးတော့လည်း အချစ်ရယ်
အ၇င်လို တို့ဝေး
မင်းရေးပေးဖူးတဲ့ ကဗျာလိုပဲ
ဘ၀ကို
နှစ်သိမ့်ခြင်းတွေနဲ့ နေပျော်တတ်အောင်
ကြိုးစားရတော့မှာပေါ့...........။
ကဲ............ ဒီဇင်ဘာရေ
ဝေးကွာခြင်းနှိပ်စက်
လွမ်းနေရုံသက်သက်မို့
မြူနှင်းတွေထဲ အထီးကျန်ရင်း
ငါ့အိပ်စက်ခြင်းတွေ ကင်းမဲ့ရတော့မယ်.............။ ။
လေပြေမေလ်းမှတဆင့်ကူယူဖော်ပြသည်။
No comments:
Post a Comment