
နေ့အခါမှာ
လမရှိခိုက်
နေသာလိုက်စဉ်
လကိုမေ့လျှော့
နေရောင်ခြည်မှာ
ဤ ကမ္ဘာမှာ
ပျော်မွေ့လျှက်ပါ..။

ညအခါမှာ
နေမရှိခိုက်
နေကိုမေ့လျှော့
လရောင်အောက်မှာ
ဤကမ္ဘာမှာ
ကြည်နူးလျက်ပါ...။
နေလည်းမလာ
လ မသာလည်း
ကြယ်ကလေးတွေသာလင်းကြစဉ်
နေရောလပါ မေ့လို့
မူန်ပျပျ ကြယ်ရောင်မှာပဲ
ဤကမ္ဘာက
သာယာလျက်ပါ..။
ဤကမ္ဘာက
နေနဲ့လည်းပျော်မွေ့
လနဲ့လည်းကြည်နူး
ကြယ်နဲ့လည်း သာယာတော့
တချုံကွယ်တစ်မယ်မေ့တဲ့
မျက်နှာများတဲ့ ချစ်သူလိုဖြစ်နေပြိပေါ့...။
ကဗျာလေးကောင်းတယ် ထိထိမိမိပဲနော် အမပျော်ရွှင်ပါစေ :)
ReplyDelete