ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Thursday, January 14, 2010

ဆောင်းတညပုံပြင်၊နွေရင်ခွင်ပျောက်၊မိုးစက်တမ်းချင်း


'တိမ်ခက်တစ်ခြမ်း
အိမ်မက်အနမ်း'
အလွမ်းရင်ခွင် ပုံပြင်အစ
ဆောင်းတည၏ လက်ရောင်ရွန်းဖိတ်
ညအရိပ်ထဲ မအိပ်ရဲသူ
ရင်ခွင်ထွန်းညှိ့ နှင်း၏လွင်ပြင်
နွေရင်ခွင်ဖြစ်.......။

'ဆောင်းရဲ့ကဗျာ
နှောင်းခဲ့ကြာပေါ့'
တခါတလေ ဝေဖူးတဲ့ပန်း
လွမ်းဖူးတဲ့လူ သူဘယ်မှာလဲ
မျက်ရည်ဝဲ၍ လမ်းခွဲနူတ်ဆက်
လက်ပြထွက်ခွာ စိမ်းသွားတာလည်း
ကြာပြိးပဲကွယ်.........။

'ရုန်းလေ နစ်လေ
နွံတွေလိုပဲ'
ရုန်းလေ နစ်လေ ကျွံနစ် လေသူ
တွဲသူမရှိ ဆွဲသူမရှိ
ချစ်မိ့သည့်ဝန် ကျွန်ရဲ့အပြစ်
တစ်ဆောင်းသစ်တိုင်းရင်ခွင်လှိုင်းထ
တမ်းတ မှူးယစ် ဆူးခြစ်ဒဏ်ရာ
နွေပမာရင့်....။
'အနမ်းညဆောင်း
လွမ်းရကြောင်း နှင့်'
ယုံဟောင်းလွမ်းသူ ရင်ပူတမ်းချင်း
ငိုချင်းကဗျာ သူသိပါစေ
တောင်းဆု ခြွေရင်း ပြတင်းကိုပိတ်
မှေးစက် အိပ်လည်း
"အပြင်မှာ နှင်း"
"ရင်ထဲမှာနွေ"
ဘယ်မှာလည်းတဲ့ မိုးစက်လေ................။
ငှေးကြည် ( စလင်း )

No comments:

Post a Comment