
မပိုင်ဆိုင်တော့တဲ့အခါ
ငါနားကထွက်သွားတော့မှာလား
အပြုံးတွေနဲ့တန်ဆာဆင်ထားတဲ့
အလွမ်းလက်နက်တစ်စုံဟာ
နူတ်ဆက်ခြင်းဆိုတဲ့စစ်ပွဲမှာ
ထုတ်သုံးခဲ့ရပြိပေါ့...။
ဒိလိုနဲ့ပဲ
ရာစုနစ်များစွာတိုင်အောင်
ခိုအောင်းနေရတော့မှာလား
"ကျိန်စာသင့်နေတဲ့ ပုံပြင်တစ်ပုဒ်"
ကျိန်စာပျယ်ဖို့
မင်းရဲ့ချစ်ခြင်းတွေလိုအပ်တယ်
မင်းရဲ့အချစ်မန္တာန် တွေကြောင့်
ပုံပြင်လေးကျိန်စာပျယ်သွားတဲ့အခါ
အဲဒိပုံပြင်လေး ရာဇ၀င်မှာ
လွတ်လွတ်လပ်လပ် ရှင်သန်လို့ရပြိပေါ့...........။
ပိုးပိုးလေးခံစားချက်ကဗျာ မှကူးယူဖော်ပြပါသည်...။

No comments:
Post a Comment