ခိုင်လုံတဲ့အကြောင်းပြချက် မရှိပါဘူး
နှလုံးသားက မျက်စိကျလို့ ချစ်ခဲ့တာပါ
ဈေးတွက်တွက်ပြီး မြုပ်နှံလိုက်တာ မဟုတ်ပါဘူး
ပျော်ရွှင်မယ် ယုံကြည်လို့ လက်တွဲခဲ့တာပါ
စိတ်မချလို့ တံဆိပ်ကပ်စရာ မလိုပါဘူး
ကိုယ့်ဘက်က တစ်သက်စာဆိုတာ သေချာခဲ့လို့ပါ
တိုက်ကြီးကြီးမှာနေပြီး မာစီဒီးလည်း မစီးချင်ပါဘူး
နှလုံးသားပါတဲ့ ဘဝတစ်ခုတည်းကိုဘဲ လိုချင်တက်မက်ခဲ့သူပါ
ပေးချင်ခဲ့တာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး
အရာအားလုံးမြုပ်နှံထားတဲ့ ဘဝတစ်ခုလုံးကိုပါ
ဘာကိုမှနောက်ထပ် မလိုချင်ပါဘူး
နှလုံးသားမှလာသော ဖြူစင်ရှင်းသန့် ချစ်ခြင်းများကလွဲ၍ပါ
ဘယ်သောအခါမှမခွဲချင်ပါဘူး
ပေါင်းဆုံခြင်းဖြင့်သာ ကြည်နူးခွင့် ရချင်လို့ပါ
ဘာကိုမှ မကြောက်ပါဘူး
ချစ်သူနှင့် ဝေးရမှာတစ်ခုတည်းပါ
ဘာကိုမှမသိချင်ပါဘူး
မရှိမဖြစ်ဘဝနှင့် သိပ်ချစ်တာ တစ်ခုတည်းရယ်ပါ...။
ဲမြန်မာစံတော်ချိန်
မြန်မာပြက္ခဒိန်
ဖတ်စရာ၊ မှတ်စရာများ
- Computer (5)
- English Poems (12)
- Phone (1)
- ကဗျာ ကဏ္ဍ (66)
- ကျွန်မ ၏ ခံစားချက် များ (7)
- ချစ်သူအကြောင်း (2)
- ဆယ်ကျော်သက်တို့ရဲ့ကိုယ်ပိုင်ဗေဒင် ကဏ္ဍ (6)
- တစ်ရုတ်စကားလေ့လာကြစို့ (5)
- ရယ်စရာ ကဏ္ဍ (8)
- ရာသိဖွား များသိမှတ်ဖွယ်ရာ အကြောင်း (12)
- အချစ်အတွက် အချစ် (10)
- ဗေဒင် ကဏ္ဍ (18)
Blog Statistics
Friday, October 26, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment