ဲမြန်မာစံတော်ချိန်
မြန်မာပြက္ခဒိန်
ဖတ်စရာ၊ မှတ်စရာများ
- Computer (5)
- English Poems (12)
- Phone (1)
- ကဗျာ ကဏ္ဍ (66)
- ကျွန်မ ၏ ခံစားချက် များ (7)
- ချစ်သူအကြောင်း (2)
- ဆယ်ကျော်သက်တို့ရဲ့ကိုယ်ပိုင်ဗေဒင် ကဏ္ဍ (6)
- တစ်ရုတ်စကားလေ့လာကြစို့ (5)
- ရယ်စရာ ကဏ္ဍ (8)
- ရာသိဖွား များသိမှတ်ဖွယ်ရာ အကြောင်း (12)
- အချစ်အတွက် အချစ် (10)
- ဗေဒင် ကဏ္ဍ (18)
Blog Statistics
Friday, October 26, 2012
အပယ်ခံ..............ဆူး
နင့်နှလုံးသားက
ရေပြင်မှန်းသိပါလျက်
ကလောင်တစ်ချောင်းကိုကိုင်လို့
စာတစ်ကြောင်းများထင်လိမ့်နိုးနဲ့
ဝန်းကျင်ကိုခြေစုံကန်ပြီး
ဇွဲနဘဲကြီးစွာ
သွေးရူးသွေးတမ်း ရေးခြစ်ခဲ့လည်း
ခြေစုံလက်ပန်းကျခြင်းအတွက်
နောက်ဆုံးရလဒ်က
အများတကာတွေးထင်ခဲ့သလို
" အပယ်ခံ "
လိုက်ရတာပဲလေ...။
ချစ်သူရေ...
ငါ့ရင်နဲ့ရင်းပြီး ဖြစ်တည်လိုက်တဲ့
ကဗျာတစ်ပုဒ်အတွက်
နင့်ဆီကရလိုက်တဲ့ ရလဒ်က
.......................................။
ချစ်သူရေ...
နှလုံးသားတစ်ခုလုံးတောင်
" အပယ်ခံ "ခဲ့ရပြီးပြီပဲလေ
ကဗျာတစ်ပုဒ်အတွက်တော့
စာမဖွဲ့တော့ပါဘူးကွာ...။
နင်မခိုလှုံဖူးခဲ့တဲ့ ဒီအရိပ်
မအေးချမ်းဘူးလို့
မစွပ်စွဲပါနဲ့လားဟာ
အပြင်မှာ မသိသလိုနေပေမယ့်
ရင်မှာဆူးစူးနေလို့ပါ...။
ကျန်ရှိနေသောစားများရေးရန်
Labels:
ကဗျာ ကဏ္ဍ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment