ကဗျာများဖြင့်ထပ်မံအသက်သွင်းရေးပေးသွားပါမည်ရှင်...။
ဲမြန်မာစံတော်ချိန်
မြန်မာပြက္ခဒိန်
ဖတ်စရာ၊ မှတ်စရာများ
- Computer (5)
- English Poems (12)
- Phone (1)
- ကဗျာ ကဏ္ဍ (66)
- ကျွန်မ ၏ ခံစားချက် များ (7)
- ချစ်သူအကြောင်း (2)
- ဆယ်ကျော်သက်တို့ရဲ့ကိုယ်ပိုင်ဗေဒင် ကဏ္ဍ (6)
- တစ်ရုတ်စကားလေ့လာကြစို့ (5)
- ရယ်စရာ ကဏ္ဍ (8)
- ရာသိဖွား များသိမှတ်ဖွယ်ရာ အကြောင်း (12)
- အချစ်အတွက် အချစ် (10)
- ဗေဒင် ကဏ္ဍ (18)
Blog Statistics
Saturday, January 23, 2010
အားလုံးမင်္ဂလာပါ
မိုးမမ 23.12.2010 မှာ မိုးမမ ရဲ့ ပန်းပွင့်ကဗျာပွင့်လန်းရာမြေ ကို
ကဗျာများဖြင့်ထပ်မံအသက်သွင်းရေးပေးသွားပါမည်ရှင်...။
ကဗျာများဖြင့်ထပ်မံအသက်သွင်းရေးပေးသွားပါမည်ရှင်...။
Labels:
ကျွန်မ ၏ ခံစားချက် များ
ရင်ထဲကပေါာက်ကရလေးဆယ်
သူငယ်ချင်းဘ၀လေးမှာပျော်စရာ
အရန်းကိုမတဲ့ခဲ့ပါ.............။
ချစ်သူ ဘ၀ အစမှာကစ်ကစ်လေး
တွေနဲ့ ပြည့်စုံခဲ့တာ.............။
ရင်ထဲကအချစ်များပွားကာများ
မောင်သွားလေရာခေါ်ပါလား..။
တွေ့ခွင့်မရတဲ့ရက်တွေမှာသိပ်ကိုလွမ်းတယ်ကွာ...။
ချစ်သူငေးလို့မိုင်ကာတွေး...။
ကျွန်မ စိတ်မှာ ငိုကာပေး...........။
Labels:
ကျွန်မ ၏ ခံစားချက် များ
Friday, January 22, 2010
ရှုံးနိမ်သူ
"ဘာကြောင့်လည်းဆိုတာသိချင်ပေမယ့်သိလိုက်ရတဲ့တစ်ရက်မှာတော့တစ်ရက်မှာ
တော့ပါးပြင်ပေါ်မျက်ရည်တွေစိးကျလာမှငါငိုနေပါလားဆိုတာသိခဲ့ရတရ်..။
"ငါ့နှလုံးသား မှတ်တမ်းမှာ
မင်းနာမည်မကျန်ရစ်ခဲ့ဘူးလို့
`ဟန်ဆောင်ကြွေးကြော်ရင်း
တကယ်တမ်းမှာတော့
ငါဟာ ရှူံးနိမ့်စွာထွက်ပြေးခဲ့သူတစ်ယောက်ပါ"
ပိုးပိုးလေးခံစားချက်ကဗျာမှ တဆင့်ကူးယူတင်ပြပါသည်............။
Labels:
ကဗျာ ကဏ္ဍ
အလင်းပျောက်တဲ့အချစ်
အဲဒိညက
မငိုတက်ဘူးဆိုတဲ့နှလုံးသားမှာ
သွေးစိမ်းရှင်ရှင်တွေယို စိမ့်လို့
အလွမ်းငှက်တွေ အိမ်တန်းမပြန်ဘူးလေ
ချစ်သူနဲ့အတူမျောသွားတဲ့အိမ်မက်လှေငယ်လေး
ဘယ်သောင်ကမ်းဆိုက်နေသလဲ မသိပါ....
သတိရသေးရင်
မမေ့သေးဘူးဆိုရင်
မပိမသဖြစ်ခဲ့တဲ့အချစ်ဇတ်လမ်းလေးအတွက်
ပါးပါးလေး ၀မ်းနည်းပေးပါလားချစ်သူ...။
အနာဂတ်သီချင်းကိုသီဆိုဖို့
ရင်ဘတ်ချင်းကြီုးညှိ့ကြတဲ့အခါမှာတော့
သံစဉ်တွေဟာ
တငွေ့ငွေ့လောင်ကျွမ်းရင်း
တရွေ့ရွှေ့ ပြာကျခဲ့ရတယ်လေ...။
"အချစ်ဦးဖြစ်ခွင့်မရပေမယ့်"
အချစ်ဆုံးတော့ဖြစ်ခွင့်ရချင်တယ်
နှလုံးသား နှစ်ခုထိ့ခတ်ရာမှ
တောက်တဲ့မိးကို
အချစ်လို့ယူဆရင်
ကိုးကွယ်ခဲ့တယ်
စွမ်းလမ်းခဲ့တယ်
တပ်မက်ခဲ့တယ်
ပိုးပိုးလေး ခံစာချက်ကဗျာမှတဆင့် တင်ပြပါသည်....။
Labels:
ကဗျာ ကဏ္ဍ
Thursday, January 21, 2010
ကျိန်စာပြယ်ဆုတောင်း
မပိုင်ဆိုင်တော့တဲ့အခါ
ငါနားကထွက်သွားတော့မှာလား
အပြုံးတွေနဲ့တန်ဆာဆင်ထားတဲ့
အလွမ်းလက်နက်တစ်စုံဟာ
နူတ်ဆက်ခြင်းဆိုတဲ့စစ်ပွဲမှာ
ထုတ်သုံးခဲ့ရပြိပေါ့...။
ဒိလိုနဲ့ပဲ
ရာစုနစ်များစွာတိုင်အောင်
ခိုအောင်းနေရတော့မှာလား
"ကျိန်စာသင့်နေတဲ့ ပုံပြင်တစ်ပုဒ်"
ကျိန်စာပျယ်ဖို့
မင်းရဲ့ချစ်ခြင်းတွေလိုအပ်တယ်
မင်းရဲ့အချစ်မန္တာန် တွေကြောင့်
ပုံပြင်လေးကျိန်စာပျယ်သွားတဲ့အခါ
အဲဒိပုံပြင်လေး ရာဇ၀င်မှာ
လွတ်လွတ်လပ်လပ် ရှင်သန်လို့ရပြိပေါ့...........။
ပိုးပိုးလေးခံစားချက်ကဗျာ မှကူးယူဖော်ပြပါသည်...။
Labels:
ကဗျာ ကဏ္ဍ
Sunday, January 17, 2010
မျက်နှာများသူ
နေ့အခါမှာ
လမရှိခိုက်
နေသာလိုက်စဉ်
လကိုမေ့လျှော့
နေရောင်ခြည်မှာ
ဤ ကမ္ဘာမှာ
ပျော်မွေ့လျှက်ပါ..။
ညအခါမှာ
နေမရှိခိုက်
နေကိုမေ့လျှော့
လရောင်အောက်မှာ
ဤကမ္ဘာမှာ
ကြည်နူးလျက်ပါ...။
နေလည်းမလာ
လ မသာလည်း
ကြယ်ကလေးတွေသာလင်းကြစဉ်
နေရောလပါ မေ့လို့
မူန်ပျပျ ကြယ်ရောင်မှာပဲ
ဤကမ္ဘာက
သာယာလျက်ပါ..။
ဤကမ္ဘာက
နေနဲ့လည်းပျော်မွေ့
လနဲ့လည်းကြည်နူး
ကြယ်နဲ့လည်း သာယာတော့
တချုံကွယ်တစ်မယ်မေ့တဲ့
မျက်နှာများတဲ့ ချစ်သူလိုဖြစ်နေပြိပေါ့...။
Labels:
ကဗျာ ကဏ္ဍ
Thursday, January 14, 2010
ဆောင်းတညပုံပြင်၊နွေရင်ခွင်ပျောက်၊မိုးစက်တမ်းချင်း
'တိမ်ခက်တစ်ခြမ်း
အိမ်မက်အနမ်း'
အလွမ်းရင်ခွင် ပုံပြင်အစ
ဆောင်းတည၏ လက်ရောင်ရွန်းဖိတ်
ညအရိပ်ထဲ မအိပ်ရဲသူ
ရင်ခွင်ထွန်းညှိ့ နှင်း၏လွင်ပြင်
နွေရင်ခွင်ဖြစ်.......။
'ဆောင်းရဲ့ကဗျာ
နှောင်းခဲ့ကြာပေါ့'
တခါတလေ ဝေဖူးတဲ့ပန်း
လွမ်းဖူးတဲ့လူ သူဘယ်မှာလဲ
မျက်ရည်ဝဲ၍ လမ်းခွဲနူတ်ဆက်
လက်ပြထွက်ခွာ စိမ်းသွားတာလည်း
ကြာပြိးပဲကွယ်.........။
'ရုန်းလေ နစ်လေ
နွံတွေလိုပဲ'
ရုန်းလေ နစ်လေ ကျွံနစ် လေသူ
တွဲသူမရှိ ဆွဲသူမရှိ
ချစ်မိ့သည့်ဝန် ကျွန်ရဲ့အပြစ်
တစ်ဆောင်းသစ်တိုင်းရင်ခွင်လှိုင်းထ
တမ်းတ မှူးယစ် ဆူးခြစ်ဒဏ်ရာ
နွေပမာရင့်....။
'အနမ်းညဆောင်း
လွမ်းရကြောင်း နှင့်'
ယုံဟောင်းလွမ်းသူ ရင်ပူတမ်းချင်း
ငိုချင်းကဗျာ သူသိပါစေ
တောင်းဆု ခြွေရင်း ပြတင်းကိုပိတ်
မှေးစက် အိပ်လည်း
"အပြင်မှာ နှင်း"
"ရင်ထဲမှာနွေ"
ဘယ်မှာလည်းတဲ့ မိုးစက်လေ................။
ငှေးကြည် ( စလင်း )
Labels:
ကဗျာ ကဏ္ဍ
Wednesday, January 13, 2010
ဘယ်နေရာမှဲ့က ကိုယ်ကိုအကျိုးပေးသလည်း
မွေးသက္ကရာဇ်ကိုတည် ၊ ( ၇ ) ကိုစား ၊ အကြွင်း
( ၁ ) ပုခုံးထိပ်
( ၂ ) လက်မောင်း ( ၂ ) ဖက်
( ၃ )ဆိးစပ်
( ၄ ) မျက်ရည်ခံ
( ၅ ) မှဲ့စလွယ်
( ၆ )ကျောပြင်
ကိုယ်ကတွက်ချက်ပြိး ရတဲ့ အကြွင်းကိုကြည့်ရတယ် ။သူတွက်တဲ့ ထဲက တစ်ခုခုပါရင် ကောင်းစားတယ်တဲ့ကွယ်။
Labels:
ဗေဒင် ကဏ္ဍ
စုတ် လာဘ်ရမဲ့နစ် တွက်နည်း
စုတ် ၊ လာဘ် ရ မရတွတ်ကိန်း

အသက်ကိုတည် ကိန်းထားပါ ( ၆ ) နဲ့မြောက် ပြိးရင် ( ၁၂ )နဲ့ စားရတယ်။
၆ ၊ ၉ ၊ ၀ ကြွင်းရင် လူပျို ဆို မိန်းမရမယ် နော် အပျိုဆိုရင်တော့ယောကျားရမယ်တဲ့ကွယ်။
ရဟန်းဆိုရင်တော့ကျောင်းရမယ် မင်းဖြစ်လျှင်ရွေထိးရမယ်။
အဲ အဲ့ ထဲမှတစ်ခုခု မဖြစ်ခဲ့ရင်တော့ ဘေးတစ်မျိုးမျိုးကြုံရသတဲ့ ။
ဥပမာ ။ ။အသက် 26 ကိုတည်ကိန်းထားတယ်
၂၆ x ၆ =၁၅၆
၁၅၆ ကို ၁၂ နဲ့ပြန်စားတော့=၀ကြွင်းတယ် ။အဖြေကတော့ ရေးပေးထားတယ်နော်။
ကျေးဇူးတင်ပါတယ်
အသက်ကိုတည် ကိန်းထားပါ ( ၆ ) နဲ့မြောက် ပြိးရင် ( ၁၂ )နဲ့ စားရတယ်။
၆ ၊ ၉ ၊ ၀ ကြွင်းရင် လူပျို ဆို မိန်းမရမယ် နော် အပျိုဆိုရင်တော့ယောကျားရမယ်တဲ့ကွယ်။
ရဟန်းဆိုရင်တော့ကျောင်းရမယ် မင်းဖြစ်လျှင်ရွေထိးရမယ်။
အဲ အဲ့ ထဲမှတစ်ခုခု မဖြစ်ခဲ့ရင်တော့ ဘေးတစ်မျိုးမျိုးကြုံရသတဲ့ ။
ဥပမာ ။ ။အသက် 26 ကိုတည်ကိန်းထားတယ်
၂၆ x ၆ =၁၅၆
၁၅၆ ကို ၁၂ နဲ့ပြန်စားတော့=၀ကြွင်းတယ် ။အဖြေကတော့ ရေးပေးထားတယ်နော်။
ကျေးဇူးတင်ပါတယ်
Labels:
ဗေဒင် ကဏ္ဍ
Sunday, January 10, 2010
Wednesday, January 6, 2010
အိမ်မက်
ဒီက လူ မှာဖြင့်
အချင့်မရဲ နဲ့
အတင့်လည်းမရဲလေတော့
စိတ်ကူးရွက်လွင့်ပြိး
ပင်မြင့်က ချစ်သူပါးကို
ခပ်ဖွဖွ မွေးကြူ
အူကြောင်ကြောင်နဲ့လန့်နိုး
ပိုးစိုးကက်စက် နဲ့ အသည်းကြေ
ပဲကြွေသွားတဲ့နှလုံးသား
အဆုံးသတ်မှာတော့ ဘ၀မှာ
ငါအတိတ်
ငါပစ္စုပ္ပန်
ငါအနာဂတ် တွေက
အိမ်မက်လိုပါပဲလား..........။
နောက်စာကြောင်းများရေးရန်
Labels:
ကဗျာ ကဏ္ဍ
နားလည်မှူ့
နားလည်မှူ့ ဆိုတာ မရှိမှတော့
အချစ်ဆိုတာ က
"ဘ၀" မှာ ဘာအသုံးကျမှာလဲ
သိတက်မှ ဆိုတဲ့စကားပေါာင်းကို
အကျိုးအကြောင်းဆိုလျှော်အောင်မနေနိုင်မှတော့
အနာဂတ်ဆိုတာကြီးက အရမ်းဝေးနေအုံးမှာပဲ...........။
မိုးမမ စာအုပ်ဟောင်းတစ်ခုမှကြိုက်နှစ်သက် ၍ ကူးယူတင်ပြပါသည်....။
Labels:
ကဗျာ ကဏ္ဍ
အချစ်ခံစားမှူ့
အချစ်ဟာမနာလိုခြင်းလား
ကျွန်မ မသိ
ကျွန်မ မြင်နေချင်တာ မောင့်မျက်နှာ။
အချစ်ဟာအူတိုခြင်းလား
ကျွန်မ မသိ
ကျွန်မ ကြားနေချင်တာ မောင့်အသံသာ။
အချစ်ဟာ ပိုင်ဆိုင်ခြင်းလား
ကျွန်မ မသိ
ကျွန်မ ပိုင်ဆိုင်ချင်တာ မောင့်မေတ္တာ။
အချစ်ဟာ ပေးဆပ်ခြင်းလား
ကျွန်မ မသိ
ကျွန်မ လိုချင်တာ မောင့်သစ္စာ။
အချစ်ဟာစွန့်လွတ်ခြင်းလား
ကျွန်မ မသိ
ကျွန်မ နေချင်တာ မောင့်ရင်ခွင်မှာ။
အချစ်ဟာရှင်သန်ခြင်းလား
ကျွန်မ မသိ
ကျွန်မ ရှင်သန်ချင်တာ မောင့်ကမ္ဘာမှာ။
အချစ်ဟာငြူစူ
အမျက်မာန်ဆူဝေပါစေ။
အချစ်ဟာ ချုပ်ထိန်း
လှောင်ချိုင့်စံ ဖြစ်နေပါစေ။
အချစ်ဟာ အဆိပ်ပြင်း
မြားတစ်စင်း ဖြစ်နေပါစေ။
အချစ်ဟာ နာကြည်း
ရန်မီးခဲ ပျိုးနေပါစေ။
အချစ်ဟာဓားတစ်လတ်
အသည်းဟတ်တက်ခွဲရက်ပါစေ။
နှောင်ဖွဲ့ခဲ့သံယောဇဉ် နဲ့
အတိတ်ရင်ခွင်ကိုတမ်းတရင်း
မျှော်လင့်ခြင်းကမ်းတဖတ်မှာ
နာကျင်ခြင်းတဖတ်ချစ်ခြင်းတစ်ဖတ်နဲ့
ကျွန်မ လွမ်းနေပြီမောင်...............။
မမသဒ္ဒါမောင် စာစောင်မှ မိုးမမကြိုက်နှစ်သက် ၍ ကူးယူတင်ပြပါသည်..........။
Labels:
ကဗျာ ကဏ္ဍ
ခံစားချက် ( ၂ )
ရင်ထဲက ခံစားချက်တွေ
တွန်းကန်အားအပြည့်နဲ့
ပေါာက်ကွဲသံစဉ် တွေ ဖြစ်လာတော့
အချိန်ဆိုတဲ့ ပဂ္ဂိုလ်ကြီး ကို
ရက်စက်စွာလုပ်ကြံ
စံချိန်တော်နာရီကိုရိုက်ချိုးပြိး
ဟိုး..........မိုးကောင်းကင်ကြီးကိုမီးရှို့လို့
သမုဒ္ဒရာ ကို သွန်မှောက်
ငါအနာဂတ်ပျောက်ခဲ့ရပြိ..........။
စာအုပ်ဟောင်းကြားမှ တွေ့လို့ကြိုက်နစ်သက်ပြိးမိုးမမတင်ပြသည်......။
Labels:
ကဗျာ ကဏ္ဍ
Tuesday, January 5, 2010
မျက်ရည်တံခါး
ဝေးနေရတဲ့ကာလယန္တရားကြိးမှာ
အဆွေးဆိုတာတွေက
ကိုယ်ရဲ့မွေးချင်းတူတွေထင်ရဲ့
ခပ်သဲ့သဲ့ ရိုက်သံတွေနဲ့
အက်စစ်ပူ ချော်ရည်တွေက
မျက်ရည်တူ အ့ဝှတ်တံခါးမှာ
ခါးသက်စွာစိးဆင်း
အပြင်းခါး နေခဲ့တာပေါ့
လာရောက်ဖတ်သူတိုင်းကျေးဇူးတင်ပါတယ်....။
Labels:
ကဗျာ ကဏ္ဍ
Monday, January 4, 2010
အချစ်သက်သေ ( ၁ )
ကောင်းကင်လဲ ပြို ပန်းတွေငို
ကမ္ဘာပြိုတောင်မမေ့ဘူး
စမ်းရေလည်းအေး ပန်းလည်းမွေး
ကမ္ဘာခြားစေ မဝေးဘူး
လေပြေသော့ချီ သံစဉ်သီ
ရင်ခုန်သံကို မမှီဘူး
နေညိုငုပ်စွန်းအနောက်ယွန်း
ကမ္ဘာဆုံးတောင်မမုန်းဘူး
မိုးမမချစ်လေး ဖတ်စေရန် နှင့်တိုက်ဆိုင်စွာကူးယူထား သောကဗျာ ကို တိုက်ဆိုင်သူတိုင်းနှစ်သက်ကူးယူနိုင်ပါသည်..........။
Labels:
ကဗျာ ကဏ္ဍ
အလွမ်း ( ၁ )
အတွေ့ခက်ပေမဲ့
မမေ့တက်သူကိုယ်မှာတော့
မှိန်ဖျော့တဲ့သံယောဇဉ်ကို
ယမ်းယောင်ကာ ဖမ်းဆုပ်
ငုတ်တုတ်နဲ့ မိုးလင်းခဲ့ရတဲ့
ညတွေက ကုဋေကဋာပါ

အားပေးမူတိုင်းကိုကျေးဇူးတင်ပါတယ်....။
မမေ့တက်သူကိုယ်မှာတော့
မှိန်ဖျော့တဲ့သံယောဇဉ်ကို
ယမ်းယောင်ကာ ဖမ်းဆုပ်
ငုတ်တုတ်နဲ့ မိုးလင်းခဲ့ရတဲ့
ညတွေက ကုဋေကဋာပါ
အားပေးမူတိုင်းကိုကျေးဇူးတင်ပါတယ်....။
Labels:
ကဗျာ ကဏ္ဍ
Subscribe to:
Comments (Atom)