
မမျှော်လင့်ဘူး ပြောပေမယ့်
ရင်ထဲ တစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်။
မရနိုင်ဘူး ပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာ လိုချင်မိပါတယ်
မဖြစ်နိုင်တော့ဘူး ဆိုပေမယ့်
အသည်းတစ်နေရာ က
မ၀ံ့ရဲစွာ တောင့်တ နေမိတယ်။
မဆုံနိုင်တော့ဘူး ထင်ပေမယ့်
နှလုံးသားရဲ့.................
အနက်ရိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ ၊ ပြင်းပြစွာ
ဆုံနိုင်ခွင့် ကို တမ်းတရင်း.....
ကျေးဇူးတင်ပါတယ်နော် မိတ်ဆွေ
No comments:
Post a Comment