ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Monday, July 27, 2009

ရူးသွပ်ခြင်း


မမျှော်လင့်ဘူး ပြောပေမယ့်
ရင်ထဲ တစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်။
မရနိုင်ဘူး ပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာ လိုချင်မိပါတယ်
မဖြစ်နိုင်တော့ဘူး ဆိုပေမယ့်
အသည်းတစ်နေရာ က
မ၀ံ့ရဲစွာ တောင့်တ နေမိတယ်။
မဆုံနိုင်တော့ဘူး ထင်ပေမယ့်
နှလုံးသားရဲ့.................
အနက်ရိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ ၊ ပြင်းပြစွာ
ဆုံနိုင်ခွင့် ကို တမ်းတရင်း.....

ကျေးဇူးတင်ပါတယ်နော် မိတ်ဆွေ

သက်သေ


တစ်နေ့တစ်ရက်
အမေ့ခက်လို့
လွမ်းလျက်ရင်မှာ
အချစ်များစွာဖြင့်
ရင်မှာသက်သေ
တောင်းဆုခြွေလည်း
သတ္တိကနည်း
မပြောရဲနဲ့
မင်းစိတ်ဆိုးမှာ
တွေးပူပါသည်။
ရင်မှာခံစား
ဒဏ်ရာများသာ
မျက်ရည်အဖြစ်
ကျန်ရစ်လေသည်။



ဆန္ဒ


တပ်မက်မူကင်းတဲ့
ပိုင်ဆိုင်လိုစိတ်တစ်ခုက
မပေးဆပ်နိုင်သူပါ။
လက်ချင်းလုပ်တွဲလို့
ပန်းခင်းလမ်းကိုလျှောက်ချင်တာ
ရင်ထဲက ဆန္ဒတစ်ခုပါ...
ပူပင်ကြောင့်ကျမူမဲ့ပြိး
ငါ့ကိုတစ်ချက်တစ်ချက်သတိရစေချင်ခဲ့တာ
ရင်ထဲက ဆန္ဒတစ်ခုပါ

ငါ့အိမ်မက်တို့ကနိုးထတိုင်း
မင်းကိုဘေးမှာရှိစေချင်တာ
ရင်ထဲက အဖြစ်ချင်ဆုံးဆန္ဒ တစ်ခုပါ..

အွန်လိုင်းဆိုဒ်တစ်ခု မှ တိုက်ဆိုင် မူ နှလုံးသားဖြင့်ကူးယူ ထပ်မံရေးသားထားပါသည်။

Thursday, July 9, 2009

သီလရှင်၏ဆုံးမစကား


သီလရှင် တစ်ယောက်က သူမ၏ တပည့်များကို ဆုံးမစကားပြောရာတွင်...
သီလရှင်.............. "ကလေးတို့... လူတွေ သေလို့ နတ်ပြည် ရောက်ရင် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက အရင် ရောက်တာလဲ?"
မိန်းကလေး......... "လက်က အရင်ရောက်ပါတယ် ရှင့်"
သီလရှင်.............. "ဘာလို့လဲ?"
မိန်းကလေး......... "ဘာလို့လဲ ဆိုတော့ လူတွေက ဘုရားရှိခိုးရင် လက်အုပ်ချီကျတော့ ဘုရားက လက်ကိုဆွဲပြီးခေါ်မှာပေါ့"
သီလရှင်.............. "ကောင်းလိုက်တဲ့ အဖြေ"
နောက်ကလေး တစ်ယောက်က လက်ထောင်ပြီး ဖြေမယ် လုပ်ပါတယ်။
ယောက်ျားလေး.. "ကျွန်တော် ကတော့ ခြေထောက် ၂ ချောင်းလို့ ထင်ပါတယ်"
သီလရှင်.............. "ဟေ့... ဘာလို့လဲကွဲ့"

ယောက်ျားလေး.. ဘာလို့လဲဆိုတော့ ညည ကျွန်တော့် အဖေ နဲ့ အမေ အိပ်ခန်းနား သွားတိုင်း အမေက ခြေထောက်နှစ်ချောင်း ထောင်ပြီး "Oh God, I’m coming" ဆိုပြီး အော်အော်နေလို့ အဖေက အပေါ်ကနေ မနည်း တက်ဖိပေးပြီး တား ယူရတယ်။