ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Sunday, May 17, 2009

ချစ်သူရေးပေးတဲ့ကဗျာ

သဝန်တိုတာ ...ချစ်လို့တဲ့.....
အပြစ်မဖို့ပါဘူး...။
ဒါဟာ....
ကိုယ့်ကို ချစ်လို့လို့..
သက်သေပြတာပဲလေ.....။

သွေးအေးရမယ်ဆိုရင်..
ကိုယ်တို့ဟာ....
ရေခဲနှလုံးသား ဖြစ်နေလောက်ပြီ......။


နေရာတွေပဲ ဝေးဝေး..
ပင်လယ်တွေပဲ ခြားခြား...
အချိန်တွေပဲ ကွဲပြားပါစေ...

သူ နဲ့ ကိုယ့် ကြားမှာ...
နံရံပါးပါးလေးပဲ ခြားတယ်....။

ဘယ်နေရာကို ရောက်ရောက်..
ကိုယ့်ရဲ့ စိတ်ထဲ ဝင်ကြည့်စမ်းပါ...၊
အချိန်နဲ့ အမျှ....
တမ်းတနေတယ်ဆိုတာ........ယုံ....။
ကိုယ်..ဘယ်ကိုသွားသွား..
စိတ်က သူ့အနား.....။
ကိုယ်..ဘယ်လောက်ဝေးဝေး..
စိတ်က သူ့နံဘေး..။
ကိုယ်...ဘယ်တွေရောက်ရောက်...
စိတ်က သူ့ရှေ့မှောက်....။
ကိုယ်..ဘာတွေလုပ်လုပ်...
စိတ်က သူနဲ့မခွာ..
အရာရာမှာ.........။
ကိုယ်..ဘာတွေရေးရေး..
သူ့အတွက်...တေး...။
ကိုယ်..တွေးသမျှအရာ...
သူ့အတွက်....ကမ္ဘာ....။
ဝေးတာ...နီးတာ...
သတ်မှတ်ချက်ပါ...။
တကယ်တော့........
ကိုယ့်ရင်ခွင်က...
သူ့အတွက်သာ..........။ ။

No comments:

Post a Comment