ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Wednesday, May 27, 2009

မိဿအချစ်ဒဿန (ARIES)


မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
"နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ
အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု
ဖော်ကျူးထားသည်။

ပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။
မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း
မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။
သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍
ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း
ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို
ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာ
မဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသ
ကြီးခြင်းများ ရှိလင့်ကစားမေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အ
ယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။ ဤရာသီဖွားများ
သည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။နောက်ဆုံးအိမ်
ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့်အိမ်ထောင်ကျမည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်
ထောင်တဆက်တည်းနှင့် မြဲစေရန်အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်
ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။
အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအ
တွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင်
ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြား
သွားမည်။ အသက်၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ
စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည်
အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု
သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု
ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက
ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။
အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊
ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။


No comments:

Post a Comment