သို့
ပန်းလေးလှတော့ လှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင်မျက်ခုံးလေးနဲ့ ငါးရံ့  ကိုယ်လုံးလေးလို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ
အပါအဝင်ပေါ့။ သူလေးမိဘတွေ ရဲ့  ပြည့်စုံမူကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေ ချောင်းချောင်းနေကြ ပေမယ့်
ကို ကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေး ရဲ့  စွန်ရဲ လို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရူံး ခဲ့သူလေ။ ပေတစ်သီး၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ ရဲ့  အချစ်ပါ။ ကို ကတော့ ဥစ္စာချော ရုပ်ပေါ၊ ဘဲ လိုအသံ ၊ ကွလိုအသား၊ ဇီးကွက်မျက်လုံး၊ လိပ်ခါးနဲ့ ဖားဖင်၊ ငါးပါးကြံအင် လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝ ပေးအခြေအနေကြောင့် ကျီးကန်း နှင့် ဗျိုင်း တုနိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိကျောင်းမင်း ရေခင်းပြတာမဟုတ် ပေမယ့် သူလေး သေချာစဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခု ရောက်ရငတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီမအီမိအောင် ကျိုးစားထိန်းနိုင်ပင်မယ့် ခွေး နေရာမရသလို နေမသိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိပ်မက်ထဲမှာလေ သူလေးနဲ့ ကို လားကြီး စီးလို့ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေ ရှိရင် တောင် ကို့ ဘဝ တစ်ခုလုံး နွားအဖြစ်ခံပြီး
သားပိုက်ကောင်လို ကိုယ့် ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမူလေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့  မေတ္တာတွေ နဲ့ တုံ့ ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေးဖြစ်လာရင် တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေး ရယ်။ ။
No comments:
Post a Comment