ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Friday, April 17, 2009

သံယောဇဉ်ကြိုး


ဟယ်လိုဆိုပြိး....
ခင်မင်မှုတွေ အစပြု
နှုတ်ဆက်ကြတယ်
နေကောင်းလား..
ရင်းနှီးမှုကို အခြေခံ
မေးဖြစ်ကြတယ်

သတိရရဲ့လား..
သံယောဇဉ်တွေ နှောင်ဖွဲ့ရင်း
ပြောမိကြတယ်။

ဂရုဏာ စကားတွေ
ဖြူစင်မှုတွေ အရောင်ပြောင်း
ဖွင့်ဟမိတယ်
ချစ်လားကွယ်...


1 comment:

  1. *ဥပေက္ခာနှလုံးသား*

    မပြိုင်လိုပါဘူးကွယ်

    အနိုင်အရှုံးကို

    ရွံ့မုန်းလို့ပါ...

    ဟုတ်တယ်လေ

    စုံတွဲနဲ့ ပျော်တဲ့သူတွေ

    ဖော်ကွဲလို့ ငိုသူတွေ

    အဲဒီလူတွေဟာ

    အလွမ်း အဆွေးတွေကို

    လွန်မြောက်ပြီးသူတွေမှ

    မဟုတ်ဘဲ...

    ပီတိလေဟုန်မှာ ပျံဖူးသူဟာလည်း

    သောက မျက်ရည်

    ပင်လယ်ကြားမှာ

    မမျှောဘူးလို့ ထင်လို့လား

    အချစ်နဲ့ အမုန်းကြား

    မောဟမျဉ်းပြိုင်တားလို့

    သူတို့မေ့နေကြတာ...

    အပြုံးနှင့်နိုင် ပျော်သူတွေ

    အရှုံးနှင့်မှိုင် ငိုင်သူတွေကြား

    ဥပေက္ခာ နှလုံးသားပဲကောင်းပါတယ်...။
    မင်းရဝေ(ကလေး)

    ReplyDelete