ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Monday, April 20, 2009

စိတ်တူကိုယ်တူ

ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ
ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား...?
ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ
အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့လိုပါလိမ့်မယ်။

ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
အတူနေတဲ့ တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ...
သူငယ်ချင်းဆိုတာ...
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။
သာမန်နဲ့ အစစ်အမှန်
တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?
သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။
သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။
သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
ဘ၀ရဲ့ ဇာတ်ဆရာ စေညွှန်ရာအတိုင်း ဝေးခဲ့ကြလဲ လူတိုင်းမှာ ကျွန်မလိုပဲ
ဘ၀မှာ မေ့လို့မရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ကျေးဇူး အထူးတင်ပါတယ်။
သတိရချင်ရင်
သတိရစရာလေးတွေ
တမင်ရှာနေစရာမှ
မလိုတာ......
အမှတ်မထင်ပြောဆို
ဆက်ဆံမှုလေးတွေက
ဘ၀တစ်လျောက်
သက်ရှိထင်ရှားနေသရွေ့
သတိရစရာ တမ်းတစရာ
တွယ်တာမှုလေးတွေ
ဖြစ်နေတတ်ပါတယ်လေ. . .
ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။
လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။
ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...
နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။
လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ... အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတယ်။

ဘာလဲ အချစ်ဆိုတာ.....?
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို
ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ
ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်
နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို
အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"
လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....

"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"

"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"

"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကိ
ု ငါစောင့်နေတယ်"

ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ
ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ
နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး
ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က
တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"

ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က
ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"

အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး
ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ
ပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို
နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ
လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။

အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက
"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....
လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား
အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို
ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို
မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို
ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...

" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...
ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။

" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။

"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...
နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က
နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့
အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို
သူတို့ခံစားကြရမှာပေါ့"

တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်
ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?

ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့
လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်
ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့
ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို
နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊
အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ
ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ
ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

ပြောပေးပါ ဖိုးရွေလမင်း


ရင်ဝယ်အချစ်
အမှန်စစ်လျှင်
ချစ်သူသိအောင်
ပြောပြပေးပါ
သောတာလမင်း
အို....အလင်းရယ်...

ကျေးဇူးတင်ပါတယ် လာရောက်အားပေးတာကို

ပန်းကလေးလှတော့လိပ်ပြာဝဲသည်


သို့

ပန်းလေးလှတော့ လှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင်မျက်ခုံးလေးနဲ့ ငါးရံ့  ကိုယ်လုံးလေးလို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ
အပါအဝင်ပေါ့။ သူလေးမိဘတွေ ရဲ့  ပြည့်စုံမူကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေ ချောင်းချောင်းနေကြ ပေမယ့်
ကို ကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေး ရဲ့  စွန်ရဲ လို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရူံး ခဲ့သူလေ။ ပေတစ်သီး၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ ရဲ့  အချစ်ပါ။ ကို ကတော့ ဥစ္စာချော ရုပ်ပေါ၊ဲ လိုအသံ ၊ ကွလိုအသား၊ ဇီးကွက်မျက်လုံး၊ လိပ်ခါးနဲ့ ဖားဖင်၊ ငါးပါးကြံအင် လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝ ပေးအခြေအနေကြောင့် ကျီးကန်း နှင့် ဗျိုင်း တုနိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိကျောင်းမင်း ရေခင်းပြတာမဟုတ် ပေမယ့် သူလေး သေချာစဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခု ရောက်ရငတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီမအီမိအောင် ကျိုးစားထိန်းနိုင်ပင်မယ့် ခွေး နေရာမရသလို နေမသိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိပ်မက်ထဲမှာလေ သူလေးနဲ့ ကို လားကြီး စီးလို့ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေ ရှိရင် တောင် ကို့ ဘဝ တစ်ခုလုံး နွားအဖြစ်ခံပြီး
သားပိုက်ကောင်
လို ကိုယ့် ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမူလေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့  မေတ္တာတွေ နဲ့ တုံ့ ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေးဖြစ်လာရင် တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေး ရယ်။ ။


တောင်းဆု


တောင်းဆု ဆန္ဒ ပြည့်ဝလျှင်မူ
ချစ်သူစကားနားဆင်ကြား၍
ချစ်သူပုံလွာ နှလုံးတိမ်မှာ တည်မြဲစေကာ
ချစ်အားတသတ် အချစ်စစ်ချစ်
၇ိုးမြေကျအောင်ပေါာင်း၇ပါစေ
တောင်းဆုချွေသည်.....



Friday, April 17, 2009

သံယောဇဉ်ကြိုး


ဟယ်လိုဆိုပြိး....
ခင်မင်မှုတွေ အစပြု
နှုတ်ဆက်ကြတယ်
နေကောင်းလား..
ရင်းနှီးမှုကို အခြေခံ
မေးဖြစ်ကြတယ်

သတိရရဲ့လား..
သံယောဇဉ်တွေ နှောင်ဖွဲ့ရင်း
ပြောမိကြတယ်။

ဂရုဏာ စကားတွေ
ဖြူစင်မှုတွေ အရောင်ပြောင်း
ဖွင့်ဟမိတယ်
ချစ်လားကွယ်...


I feel U


I walk behind your washed up footsteps
every step I make trying to turn back time
but now the sand has it captive
I miss you I need you I want you
this sandy beach holds our life our love our being
the wind bluing gently though
the chime of the rigs
I still hear you I still feel you
the waves wash my tears
I sit on the water line
I see your footsteps in the sand
I'm no longer scared
I'm no longer alone
I feel you in my heart my mind and my spirit



I Love You


I sit and wait day by day,
My heart willing to reach out to you.
Show me you care,
Though you wouldn't need to dare.
My heart is yours to keep.
I love you.


Oh when I hear your voice,
I feel like I belong,
I belong.
I belong inside your heart.
I'll stand by you,
Nothing can pull me down,
Not sun, nor wind or rain.
Not joy, heartache or pain.
Do you have doubts?
Sometimes I do,
but I feel this strong,
Your smile, your hair,
Your heart.
It sets a light burning inside me.
I'd give anything to hold your hand forever.
I love you.
I love you.
Oh when I hear your voice,
I feel like I belong,
I belong.
I belong inside your heart.
Maybe this song isn't much of a beauty.
It could never match you, no nothing could.
I love like I do and I know I should,
Because your wonderful, you bring me faith.
Girls will go by but your the one.
I love you.
I love you.
I love you.
Oh when I hear your voice,
I feel like I belong,
I belong.
I belong inside your heart.
Screaming beyond my limitations.
I want you now, beside me.
Your my only one.
I'll never give up, I'll wait on forever.
I hope you feel my way too,
Since I'll never be able to let you go,
Perfection beyond anything else.
I know nobody's perfect but in my eyes.
Your create such an illusion of beauty,
your heart glows ever so bright.
Hold onto me tight baby.
I love you.
I love you.
I love you.
I love you.
Oh when I hear your voice,
I feel like I belong,
I belong.
I belong inside your heart.
I love you.
I love you.
I love you.
I love you.
I love you.

ကျေးဇူးပါချစ်သူ


ကျွန်မ အားငယ်တဲ့အခါ တိုင်းအားပေးတက်တဲ့ ကျွန်မ ချစ်သူကို ကျွန်မ ဒိကနေ ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်