
တစ်ခါတုန်းကပေါ့၊ ကစားတိုင်းနိုင်တဲ့ဖဲသမားတစ်ယောက်ရှိတယ်။ သူက ကံကလေးလည်းကောင်းသလိုဖဲလိမ်ပြီတော့လည်းရိုက်တတ်သေးတယ်လေ။ သူနဲ့ဖဲရိုက်မိရာကစီးပွားပျက်သွားတဲ့လူတွေသေလို့ကောင်းကင်ဘုံလေးကို
ရောက်သွားတဲ့အခါ သူ့အကြောင်း စိန့်ပီတာကိုဝိုင်းတိုင်ကြတာပေါ့။ဒီမှာ
တင်ပဲစိန့်ပီတာက ဒီဖဲသမားကိုလူပြည်မှာ ဆက်ထားလို့မဖြစ်တော့ဘူး
ဆိုပြီးသေမင်းကိုလွှတ်ပြီးတော့အခေါ်ခိုင်းလိုက်တယ်။ ရက်တော်၂ကြာ
တဲံ့အထိ သေမင်းလည်းပြန်မလာ၊ဖဲသမားရဲ့ဝိဥာဏ်လည်း ရောက်မလာ
တော့၊ စိန့်ပီတာဟာ နတ်သားတစ်ပါးကိုထပ်လွှတ်ပြီးဖဲသမားကို အခေါ်
ခိုင်းရပြန်တယ်။
စိန့်ပီတာလွှတ်လိုက်တဲ့နတ်သားလူပြည်ကိုရောက်တော့ သေမင်းနဲ့ ဖဲရိုက်နေတဲ့ ဖဲသမားကိုသွားတွေ့ပါလေရော။ သေမင်းကဖြင့်နတ်သားလာတာကို မော့တောင်မကြည့်ဘူး။ဖဲရှုံးလို့ မဲ့ရိုက်နေရာက မထနိုင်ဘူးဆိုပဲ။ နောက်ရောက်လာတဲ့နတ်သားကိုလည်းဝင်ရိုက်ဖို့ဖဲသမားက ဆွယ်သေးတဲ့။ အဲဒီနတ်သားကိုဆွယ်လို့မရဘဲ ဖဲသမားဝိညာဉ်အနုတ်ခံလိုက်ရတယ်။ ဖဲသမားသေပြီးပြီးချင်းပဲ သူ့ဝိညာဉ်ဟာမာရ်နတ်နဲ့တွေ့ပြီးဖဲဝိုင်းဖြစ်ပြန်ပါသတဲ့။ မာရ်နတ်လည်း ဖဲလိမ်ရိုက်ခံရလို့အရှုံးကြီးရှုံးပြီးသူ့ရဲ့အစေခံတွေအားလုံးကိုဖဲသမားဆီမှာပေါင်လိုက်ရတာပေါ့။ ဖဲသမားဟာမာရ်နတ်ဆီက အနိုင်ရလိုက်တဲ့အစေခံတွေကိုတစ်ယောက်ပေါ်တစ်ယောက်တက်စေပြီးအဲဒီလူလှေကားကနေ ကောင်းကင်ဘုံဆီကိုတက်ပါသတဲ့။
သူကောင်းကင်ဘုံကိုရောက်လာတော့မှလူတွေကို ဒုတ်ခပေးနေတဲ့ဖဲသမားကိုခေါ်ထားလိုက်နိုင်ပြီဆိုပြီးစိန့်ပီတာ သက်ပြင်းချနိုင်ပါတော့တယ်။ ဒါပေမဲ့ မကြာလိုက်ပါဘူး။ ကောင်းကင်ဘုံမှာလည်းဖဲဝိုင်တွေဖြစ်လာပြီးစိန့်ပီတာရဲ့လက်ရုံးနှစ်ယောက်ဆိုရင် သူတို့ရဲ့တန်ခိုးပါဝါကိုပြတဲ့ ရောင်ခြည်ကွင်းတွေကိုဖဲပေါင်ရိုက်တာရှုံးကုန်ကြပါသတဲ့။ စိန့်ပီတာလည်းမျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားတာပေါ့။ဒီဖဲသမားကိုကောင်းကင်ဘုံမှာဆက်ထားရင်တော့
အကုန်လုံးဖဲသမားတွေဖြစ်ကုန်တော့မှာပဲလို့သဘောပေါက်ပြီးဖဲသမားရဲ့ဝိညာဉ်ကို လူပြည်ဆီပြန်ပစ်ချလိုက်ရပါလေရော။ ကဘာမြေပေါ်ကိုကျသွားတဲ့ဖဲသမားဝိညာဉ်ဟာ စိ၂ညက်၂ကွဲကြေပြီးလွင့်ထွက်သွားပါသတဲ့။ အဲဒီလွင့်ထွက်သွားတဲ့အစအနတွေဟာ လူတွေရဲ့ကိုယ်ထဲဝင်သွားကုန်ပြီး လူတိုင်းလူတိုင်းမှာ အလောင်းအစားလုပ်ချင်တဲ့ အကျင့်ကလေးတွေပေါ်လာသတဲ့ကွယ်။ ဘာလဲ . . .။မယုံဘူလား။ ဟုတ်မဟုတ်လောင်းမယ်လေ။
No comments:
Post a Comment