ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Saturday, February 14, 2009

အဖြစ်အပျတ်တစ်ခု

ငါမျက်နှာကို တစ်ချက်ကလေးတောင်
စောင်းငှဲလို့မကြည့်ခဲ့သော မင်းကို
မုန်းမေ့ဖို့ အကြိမ်ကြိမ်
ကြိုးစားခဲ့သော်လည်း
ရလဒ်က ချစ်နေဆဲတဲ့............

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလို
ခံယူခဲ့သူ ငါကို မင်းက
အချစ်ဆိုတာ ပေးဆပ်ခြင်းဖြစ်အောင်
သင်ပေးခဲ့တယ်............
တစ်ဖတ်သတ်အချစ်ဆိုတာကို
လုံးဝယုံကြည့်မထားခဲ့သော ငါကို
ချစ်တတ်အောင်လည်းလုပ်ခဲ့ပြန်တယ်လေ.........

No comments:

Post a Comment