၁။ ဗုဒ္ဒဆာယာကို တွယ်ရမည် ၊ ရုပ်လှတာကိုပယ်ရမည် ။
ဗုဒ္ဒဆာယာကို တွယ်မှ အေးမြသည် ၊ ရုပ်လှတာကိုပယ်မှ ဘေးပါမည် ။၂။ ထင်တိုင်းလည်းနှိပ် မဆိုနှင့် ၊ ၀င်တိုင်းလည်း သိပ်မမျိုနှင့် ။
ထင်တိုင်းနှိပ် ဆိုက ရန်အသွယ်သွယ်ပွားတက်သည် ၊
ဝင်တိုင်းသိပ်မျိုက အန္တရာယ်များတတ်သည် ။
၃။ အယုတ်တရားကို အလိုမရှိနှင့် ၊ မဟုတ်စကားကို မဆိုဘိနှင့် ။
အယုတ်တရားကို အလိုရှိက ဘဂ၀ါစကားကို ပယ်ရာချေသည် ၊
မဟုတ်စကားကို ဆိုမိက သမာဓိတရားတို့ ကွယ်လာရချေသည် ။
၎။ မတော်ဘဲ မ၀ယ်နှင့် ၊ မခေါ်ဘဲ မလည်နှင့် ။
မတော်ဘဲ ၀ယ်က အသပြာငွေရှုံးတက်သည် ၊
မခေါ်ဘဲလည်က မကြာခဏ မုန်းတက်သည် ။
၅။ သူဌေးလိုကြွယ်သော်လည်း မာန်စွယ်မထနှင့် ၊ မြွေပွေးကို ငယ်သော်လည်း
အလမ္မာယ်မပြနှင့် ။
သူဌေးလိုကြွယ်ဝသည်ဟု မာန်စွယ်ပြက အရိုအသေနည်းလို့ မုန်းတတ်သည် ၊
မြွေပွေးကို ငယ်သည်ဟု အလမ္မာယ်ပြက ထိုမြွေခဲလို့သေတတ်သည် ။
၆။ မတော်တာကို မြည်းမစားနှင့် ၊ အဖော်မပါလျှင် ခရီးမသွားနှင့် ။
မတော်တာကို မြည်းစားက ဘေးရန်ရလို့ ရောဂါပွားတတ်သည် ၊
အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည် ။
အမှားပါလျှင် ခွင့်လွှတ်ပါ။
ခိုင်လေး
သူငယ်ချင်းတို့ အရာရာ အဆင်ပြေပါစေ................
ဲမြန်မာစံတော်ချိန်
မြန်မာပြက္ခဒိန်
ဖတ်စရာ၊ မှတ်စရာများ
- Computer (5)
- English Poems (12)
- Phone (1)
- ကဗျာ ကဏ္ဍ (66)
- ကျွန်မ ၏ ခံစားချက် များ (7)
- ချစ်သူအကြောင်း (2)
- ဆယ်ကျော်သက်တို့ရဲ့ကိုယ်ပိုင်ဗေဒင် ကဏ္ဍ (6)
- တစ်ရုတ်စကားလေ့လာကြစို့ (5)
- ရယ်စရာ ကဏ္ဍ (8)
- ရာသိဖွား များသိမှတ်ဖွယ်ရာ အကြောင်း (12)
- အချစ်အတွက် အချစ် (10)
- ဗေဒင် ကဏ္ဍ (18)
Blog Statistics
Saturday, March 19, 2011
မပြီးဆုံးသေးသော..
နှလုံးသားများနဲ့
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။
အသစ်ပြန်ဖြစ်တဲ့
နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။
ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။
လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။
ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။
ပြောပြဖြစ်ခဲ့တဲ့
ချစ်ခြင်းများနဲ့
ရရှိခဲ့တဲ့
မသိခြင်းများ…………။
ဆက်ရန်များနဲ့
ဆက်သွားရမယ့်
မနက်ဖြန်များ………။
မပြီးဆုံးသေးပဲ
ပျက်သုံးသွားတဲ့
ပန်းချီကားများ
ငါ့ရင်ထဲမှာ အပြည့်ပါလာ။
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။
အသစ်ပြန်ဖြစ်တဲ့
နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။
ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။
လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။
ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။
ပြောပြဖြစ်ခဲ့တဲ့
ချစ်ခြင်းများနဲ့
ရရှိခဲ့တဲ့
မသိခြင်းများ…………။
ဆက်ရန်များနဲ့
ဆက်သွားရမယ့်
မနက်ဖြန်များ………။
မပြီးဆုံးသေးပဲ
ပျက်သုံးသွားတဲ့
ပန်းချီကားများ
ငါ့ရင်ထဲမှာ အပြည့်ပါလာ။
Labels:
ကဗျာ ကဏ္ဍ
Subscribe to:
Posts (Atom)