ပန်းပွင့်ကဗျာ ပွင့်လန်းရာမြေမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏

Saturday, March 19, 2011

သူငယ်ချင်းများ ဗဟုသုတရစေရန် ရည်ရွယ်ပါသည် ။ ( ဖိုးသူတော်ဦးနု စကားပုံများ )

၁။ ဗုဒ္ဒဆာယာကို တွယ်ရမည် ၊ ရုပ်လှတာကိုပယ်ရမည် ။
ဗုဒ္ဒဆာယာကို တွယ်မှ အေးမြသည် ၊ ရုပ်လှတာကိုပယ်မှ ဘေးပါမည် ။၂။ ထင်တိုင်းလည်းနှိပ် မဆိုနှင့် ၊ ၀င်တိုင်းလည်း သိပ်မမျိုနှင့် ။
ထင်တိုင်းနှိပ် ဆိုက ရန်အသွယ်သွယ်ပွားတက်သည် ၊
ဝင်တိုင်းသိပ်မျိုက အန္တရာယ်များတတ်သည် ။

၃။ အယုတ်တရားကို အလိုမရှိနှင့် ၊ မဟုတ်စကားကို မဆိုဘိနှင့် ။
အယုတ်တရားကို အလိုရှိက ဘဂ၀ါစကားကို ပယ်ရာချေသည် ၊
မဟုတ်စကားကို ဆိုမိက သမာဓိတရားတို့ ကွယ်လာရချေသည် ။

၎။ မတော်ဘဲ မ၀ယ်နှင့် ၊ မခေါ်ဘဲ မလည်နှင့် ။
မတော်ဘဲ ၀ယ်က အသပြာငွေရှုံးတက်သည် ၊
မခေါ်ဘဲလည်က မကြာခဏ မုန်းတက်သည် ။

၅။ သူဌေးလိုကြွယ်သော်လည်း မာန်စွယ်မထနှင့် ၊ မြွေပွေးကို ငယ်သော်လည်း
အလမ္မာယ်မပြနှင့် ။
သူဌေးလိုကြွယ်ဝသည်ဟု မာန်စွယ်ပြက အရိုအသေနည်းလို့ မုန်းတတ်သည် ၊
မြွေပွေးကို ငယ်သည်ဟု အလမ္မာယ်ပြက ထိုမြွေခဲလို့သေတတ်သည် ။

၆။ မတော်တာကို မြည်းမစားနှင့် ၊ အဖော်မပါလျှင် ခရီးမသွားနှင့် ။
မတော်တာကို မြည်းစားက ဘေးရန်ရလို့ ရောဂါပွားတတ်သည် ၊
အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည် ။

အမှားပါလျှင် ခွင့်လွှတ်ပါ။
ခိုင်လေး

သူငယ်ချင်းတို့ အရာရာ အဆင်ပြေပါစေ................

မပြီးဆုံးသေးသော..

နှလုံးသားများနဲ့
ဝေးလွင့်သွားတဲ့
မြင်ကွင်းများ………..။

အသစ်ပြန်ဖြစ်တဲ့
နီးကပ်လာတဲ့
သေခြင်းတရားနဲ့
ဝေးလွင့်သွားတဲ့
ချစ်ခြင်းတရားများ……..။

ပွင့်သစ်လာတဲ့
ပန်းပွင့်များနဲ့
ကြွေလွင့်သွားတဲ့
သစ်ရွက်များ………..။

လွင့်မျောသွားတဲ့
တိမ်တိုက်များနဲ့
ကြွေကြခဲ့တဲ့
ကောင်းကင်များ………။

ပျေက်ကွယ်သွားတဲ့
အပြုံးများ
တိုးပွားလာတဲ့
အမုန်းတရားများ………..။

ပြောပြဖြစ်ခဲ့တဲ့
ချစ်ခြင်းများနဲ့
ရရှိခဲ့တဲ့
မသိခြင်းများ…………။

ဆက်ရန်များနဲ့
ဆက်သွားရမယ့်
မနက်ဖြန်များ………။

မပြီးဆုံးသေးပဲ
ပျက်သုံးသွားတဲ့
ပန်းချီကားများ
ငါ့ရင်ထဲမှာ အပြည့်ပါလာ။

Monday, February 14, 2011

ချစ်သူများနေ့ဆုတောင်း

ချစ်သူများနေ့မှာ သူငယ်ချင်းတို့အားလုံး ကိုယ်ချစ်သော သူနှင်
့ပျော်ရွှင် နိုင်ပါစေထာဝရထာဝရရွှေလက်တွေတွဲပြိးစိတ်ဧ။်ကျမ်း
မာခြင်း ၊ ကိုယ်ဧ။် ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ဆု
မွန်ကောင်းတောင်းပေးလိုက်ပါတယ် ရှင်.....။

Monday, January 17, 2011

ဒိတစ်နှစ်ရဲ့ကိုယ်ပိုင်ကံကြမ္မာလေးများ

သူငယ်ချင်းတို့ရေးကိုယ်ကံကြမ္မာ စစ်ဆေးကြရအောင်နော်အရမ်းကိုဝါသနာပါလို့ ဗေဒင်ပညာကို ၀ါသနာပါတဲ့သူငယ်ချင်းများလည်း ဖတ်လို့ရအောင် မိုးမမ က စေတနာနဲ့ သြကာသ မဂ္ဂဇင်းကနေ
တဆင့်ကူးယူတင်ပြ တာပါ …။
ပထမဆုံးနည်းအနေနဲ့ကတော့ ( တစ်နှစ်စာ )
မိမိ၏ မွေးရက် ၊ မွေးလ ၊ယခုလက်ရှိခုနစ်သက္ကရာဇ်တို့ကိုပေါင်းပါ။ထို့နောက်ရရှိသောဂဏန်းကို(၂၂)
ထက်ကျော်လျှင် ဂဏန်းတစ်လုံးထဲဖြစ်အောင်ပြန်ပေါင်းပါ။
သူငယ်ချင်းတို့ကိုဥပမာ မိုးမမ လုပ်ပြ လိုက်မယ်နော် နားလည်သွားအောင်လို့ပါ…။
ဥပမာ။ ။( ၂၂ )ရက် ( ၁၀ )လ မွေးသူ၏ ယခုနှစ်( ၂၀၁၁ )အတွက်တွက်ကိန်းလေးကတော့

၂+၁၀+၂၀၁၁= ၉
ဒိတော့ ကိုး ဂဏန်းအရ ရသေ့သူတော်စင်ကဒ်ကြပါတယ်။

ရသေ့သူတော်စင် ( The Hermit )

( ၁ )မမျော်လင့်သော အခွင့်အရေးတစ်ခုရပြိး စိးပွားဖြစ်မည်။
( ၂ )ဂမ္ဘီရပညာများ သင်ကြားခွင့်ကြုံမည်။
( ၃ )နိုင်ငံခြားခရိးစိစဉ်းထားသူများအဆင်ပြေမည်။
( ၄ )အလှူအတန်းကြိးပေးရလိမ့်မည်။
( ၅ )ဘာသာရေး အဓိငှာန်တစ်ခုခု သတ်သတ်မှတ်မှတ်လုပ်ပါ
( ၆ )အိမ်မှာပျားစွဲလျှင် စိးပွားတက်မည်
( ၇ )စက်ပစ္စည်းအသစ်တစ်ခုဝင်မည်။
( ၈ )မျက်စိ့ရောဂါ ဖြစ်တက်သည်
( ၉ )မိမိအားကူညိသောဆရာသမားအကြိးအကဲပေါ်လာမည်။
လတ်တလော ဖြစ်နေတဲ့ ကိစ္စတစ်ခုကိုမေးမယ်ဆိုရင်တော့
မိမိအားပေါာက်မြောက်အောင်မြင်သော နည်းလမ်း ပြသပေးသူတစ်ဦးနှင့်ကြုံမည်။ကူညီထောက်ပံ့သူများနှင့်တွေ့ရမည်။လုပ်စရာရှိတာရဲရဲသာလုပ်ပါ တဲ့ရှင်…။
ဥပမာပေါ့ ဒိနှစ် ငွေကြေးကံကောင်းမကောင်းမေးသူဆိုရင် ဒိကဒ် အရ ဆိုရင် ဘုရားတရားများများလုပ်ပါ
ကံကောင်းလာပါမယ်လို့ဟော လို့ရတယ် ။ဘုရားတရားအားကိုးရင်း ကိုယ်ဘက်က မှန်ရင် ကံကကိုယ်ဘတ်က
ပေါ့ ရှင်။